Powered by Blogger.

အွန်လိုင်းပေါ်မှာ ချည်မျှင်တွေရောင်းပြီး ချမ်းသာလာခဲ့ကြတဲ့ တရုတ်နိုင်ငံက ရွာသားများ


 လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တရုတ်နိုင်ငံမြောက်ပိုင်းဒေသ Donggaozhuang ရွာလေးမှာ ရွာသူရွာသားအနေနဲ့ ဂျုံတွေ ပြောင်းတွေ အထွက်မကောင်းလို့ ထမင်းတောင် အနိုင်နိုင်စားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရွာသားအားလုံးဟာ ပြည့်ပြည့်စုံစုံ သုံးနိုင်စွဲနိုင်နေတဲ့အပြင် ရွာသားတစ်ဒါဇင်လောက်ဟာလည်း သန်းကြွယ်သူဌေးတွေ ဖြစ်နေကြပါပြီ။

 ဒီလို ရွာသားတွေအားလုံးနီးပါး ချမ်းချမ်းသာသာ ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ အွန်လိုင်းပေါ်ကနေ ချည်မျှင်တွေကို ရောင်းချခြင်းကြောင့်ဖြစ်ပါတယ်။ Donggaozhuang ရွာသားတစ်ယောက်ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားအွန်လိုင်းဈေးကွက် Taobao e-Shop ပေါ်မှာ ချည်မျှင်တွေကို ရောင်းချမိခဲ့ရာ သုံးလအတွင်း အမြတ်ငွေချည်းပဲ ဒေါ်လာသုံးထောင်လောက်အထိကို ရရှိခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံသားတစ်ယောက်အတွက်တောင် တော်တော်လေးကို များပြားတဲ့ဝင်ငွေပမာဏပါ။ ဒါကြောင့် ထိုရွာသားရဲ့သတင်းဟာ Donggaozhuang ရွာအတွင်းမှာ ချက်ချင်းပြန်နှံ့သွားခဲ့ပြီး ရွာသူရွာသားများကလည်း ထိုရွာသားဆီမှာ သူရဲ့ချည်မျှင်ရောင်းချမှုနဲ့ပတ်
သက်ပြီး လာရောက်မေးမြန်းပါတော့တယ်။

 ဒီလိုနဲ့ အွန်လိုင်းပေါ်မှာ ချည်မျှင်ရောင်းချခြင်းလုပ်ငန်းကို Donggaozhuang ရွာသူရွာသားများက စိတ်ဝင်တစား ဝင်ရောက်လုပ်ကိုင်ခဲ့ကြရာ တစ်စစနဲ့ အောင်မြင်လာခဲ့ပါတယ်။ ရွာသားများဟာ သူတို့ရဲ့အလုပ်မဖြစ်တဲ့ လယ်ယာတွေရောင်းချပြီး ဝါဂွမ်းတွေကိုပြန်လည်ဝယ်ယူကာ ချည်မျှင်လုပ်ငန်းကို နိုင်သလောက်စတင် လုပ်ကိုင်ကြပါတယ်။ ကလေးသူငယ်များကိုလည်း ကျောင်းထွက်ခိုင်းပြီး ချည်မျှင်လုပ်ငန်းမှာ နိုင်သလောက် ဝင်လုပ်ခိုင်းပါတယ်။  ဒီလို ကြိုးစားပမ်းစား လုပ်ကိုင်ရရှိလာတဲ့ ချည်မျှင်တွေကိုတော့ Taobao အွန်လိုင်းဈေးဝယ်စင်တာမှာ ပြန်လည်ရောင်းချပါတယ်။ နောက်ပိုင်းမှာတော့ Taobao ပေါ်မှာပါ ကိုယ်ပိုင်ချည်မျှင်အရောင်းဆိုင် သီးသန့်ထောင်လာနိုင်တဲ့ Donggaozhuang ရွာသားပေါင်း လေးရာကျော်အထိ ရှိလာခဲ့ပါတယ်။

 သူများလယ်ယာမြေတွေမှာ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေ ကိုယ့်လယ်ယာမြေပေါ်မှာ ဆင်းဆင်းရဲရဲ စိုက်ပျိုးနေရသူတွေအားလုံးဟာ အွန်လိုင်းပေါ်မှာ ချည်မျှင်ရောင်းချတဲ့ လုပ်ငန်းကြောင့် နေချင်းညချင်း ကြီးပွားလာခဲ့ရပြီး ရွာသားတစ်ဒါဇင်ခန့်လောက်ဆို မီလျံနာသူဌေးကြီးတွေ ဖြစ်သွားခဲ့ရပါတယ်။  ဒါဟာ Donggaozhuang ရွာသူရွာသားတွေရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ပြင်းထန်းတဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့်ပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။


VitamiN

#knowledge.thithtoolwin.com

Ref:odditycenteral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment