လူအများစုက သူတို့ရဲ့မွေးနေ့ရောက်ပြီဆိုတာနဲ
Armani လေးဟာ သူရဲ့ခြောက်နှစ်ပြည့် မွေးနေ့မတိုင်ခင်ကတည်းက သူနေထိုင်ရာ ချီကာဂိုမြို့ရှိ ပန်းခြံအတွင်းက အိမ်ခြေရာမဲ့အတွက် အစားအသောက် ကျွေးမွေးပေးဖို့ သူရဲ့မိဘတွေကို တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ Armani က သူကိုပေးမယ့် မွေးနေ့လက်ဆောင်အစား မရှိဆင်းရဲသားတွေကို ကျွေးမွေးဖို့အတွက်ကိုသာ သုံးစွဲပေးဖို့ သူ့မိဘတွေဆီမှာ မရမကတောင်းဆိုခဲ့ပါတယ်။ Armani ရဲ့ မိခင်ဖြစ်သူ Artesha က သူ့သမီးငယ်ရဲ့ တောင်းဆိုမှုကို စနောက်နေခြင်းသာ ထင်ခဲ့ပေမယ့် သမီးငယ်က မွေးနေ့မရောက်ခင် လပိုင်းများစွာအလိုကတည်းက အဆက်မပြတ်တောင်းဆိုလာခဲ့တော့ နောက်ဆုံးမှာ သမီးရဲ့ဆန္ဒအတိုင်း လိုက်လျောပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့ Armani ရဲ့မွေးနေ့အရောက်မှာတော့ မွေးနေ့ပါတီလေးလုပ်ပြီး Armani ဖြစ်စေချင်တဲ့အတိုင်း အိမ်ခြေရာမဲ့များအတွက် အစားအသောက်များစွာကို လှူဒါန်းပေးခဲ့ပါတယ်။ Artesha ဟာ သူ့သမီးလေးရဲ့ မွေးနေ့အလှူအတွက် ကြက်သား ၊ ငါး ၊ အီတလီခေါက်ဆွဲ ၊ မြေပဲ ၊ ပြောင်းဖူး ၊ အာလူး ၊ ကိတ်မုန့် ၊ ကွတ်ကီး ၊ သစ်သီးနဲ့ ရေသန့်တို့ စီစဉ်ပေးခဲ့ပြီး အမေရိကန်ဒေါ်လာသုံးရာခန့်လောက် သုံးစွဲခဲ့ရပါတယ်။ ဒီလိုနဲ့ Armani တို့မိသားစုလေးဟာ Armani ရဲ့ မွေးနေ့မှာ အိမ်ခြေရာမဲ့လူဦးရေ စုစုပေါင်း ၁၂၅ဦးအတွက် အစာရေစာများကို လှူဒါန်းပေးသွားနိုင်ခဲ့ပါတယ်။
သမီးငယ်လေး Armani ရဲ့ ထူးခြားတဲ့ပရဟိတစိတ်ဓါတ်အပေါ် မိခင်ဖြစ်သူ Artesha က " သူအရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတာ။ မွေးနေ့ပါတီကို လာရောက်ကြတဲ့ အိုးမဲ့အိမ်မဲ့တွေလည်း အများကြီးပါပဲ။ လူတစ်ဦးဆို ဒီလိုဟင်းမျိုးတွေမစားရတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီလို့ေ
VitamiN
#knowledge.thithtoolwin.com
Ref:Metro
0 comments:
Post a Comment