Powered by Blogger.

ဆယ်ကျော်သက်ကျောင်းသူတွေရှာတဲ့ ပြဿနာကို အလိမ္မာနည်းနဲ့တုံ့ပြန်နိုင်ခဲ့တဲ့ ကျောင်းစောင့်ကြီး



ဆယ်ကျော်သက်အရွှယ်ဆိုတာ တကယ့်ကို ထိန်းရသိမ်းရခက်ခဲတဲ့ အရွှယ်ပါ။ ထိန်းချုပ်မှုများစွာရဲ့ ဆန့်ကျင်ဘက်ကိုမှ ရွေးချယ်ရတာ ပျော်မွေ့တတ်တဲ့ အရွှယ်ဆိုလည်း မမှားပါဘူး။ မလုပ်နဲ့ဆိုတာကို လုပ်ချင်ချကြပြီး လုပ်ဆိုတဲ့အရာက မလုပ်ချင်ကြတဲ့ ဆယ်ကျော်သက်အရွှယ် ကျောင်းသူလေးတွေကို ဆိုဆုံးမလိုက်တဲ့ ကျောင်းစောင့်တစ်ဦးရဲ့ လုပ်ရက်ကတော့ နမူနာယူစရာကောင်းလှပါပေတယ်။

 Elogio အမည်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းစောင့်တစ်ဦးဟာ နေ့စဉ်နေ့တိုင်းလိုလို သူရဲ့အိမ်ကို နောက်ကျပြီးမှ ပြန်ရောက်ရပါတယ်။ အကြောင်းရင်းကတော့ သူတာဝန်ယူနေရတဲ့ အလယ်တန်းကျောင်းရဲ့ အမျိုးသမီးအိမ်သာထဲက အလှကြည့်မှန်ပေါ်မှာ ပေကျံနေတဲ့ နှုတ်ခမ်းနီရာတွေကို သန့်ရှင်းနေရလို့ပဲဖြစ်ပါတယ်။ တစ်နေ့ ဘယ်လိုမှ စိတ်မရှည်နိုင်တော့တဲ့အဆုံးမှာတော့ Elogio က ကျောင်းအုပ်ဆရာကြီးထံသွားပြီး ပြသာနာအရပ်ရပ်ကို တင်ပြခဲ့လိုက်ရာ အခြေအနေက အရင်ကထက်ကို ပိုဆိုးသွားခဲ့ပါတယ်။ Elogio သန့်ရှင်းပေးနေကျ မှန်ပေါ်မှာ နှုတ်ခမ်းနီရာတွေ နှစ်ဆနီးပါးအထိကို တိုးလာခဲ့ပြီး တရားခံကိုလည်း လုံးဝမဖော်ထုတ်နိုင်ခဲ့ပါဘူး။

 ဒီအခါမှာတော့ Elogio က သူရဲ့ ပြသာနာကို ဖြေရှင်းဖို့အတွက် ကျောင်းသူအားလုံးကိုခေါ်ပြီး အစည်းအဝေးတစ်ခု ပြုလုပ်လိုက်ပါတယ်။ အစည်းအဝေးမှာ Elogio က “ ဦး ခေါ်လိုက်တဲ့ အစည်းအဝေကို လာရောက်ပေးခဲ့ကြတဲ့ သမီးတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဦးက နေ့တိုင်းလိုလို ဒီမှန်ပေါ်က နှုတ်ခမ်းနီရာတွေကို သန့်ရှင်းပေးနေရတာပါ။ ဒီနှုတ်ခမ်းနီရာတွေက ကြည့်ရလည်းဆိုသလို ဖျက်ပစ်ရတာလည်း တော်တော်ခက်ပါတယ်။ ဦးဒီအလုပ်တွေကို လုပ်ပေးနေရလို့ အိမ်ပြန်ချိန် အမြဲနောက်ကျနေပါတယ်ကွယ်။ ဦး ဒီနှုတ်ခမ်းနီရာတွေကို ဘယ်လိုဖျက်ရသလဲဆိုတာ သမီးတို့မြင်အောင်ပြပါမယ် ” လို့ ပြောဆိုပြီး နှုတ်ခမ်းနီတွေ ဖျက်ရခက်ခဲ့ပုံကို ကျောင်းသူတွေမြင်အောင် ပြသခဲ့လိုက်ပါတယ်။

 ဒီအချိန်မှာ ဆယ်ကျော်သက်ကျောင်းသူတွေအားလုံး အံသြသွားခဲ့ပါတယ်။ သူတို့ အလွယ်တကူလေး မှန်ပေါ်မှာ နမ်းခဲ့တဲ့ နှုတ်ခမ်းရာတစ်ခုအတွက် အချိန်တွေယူ အင်အားစိုက်ထုတ်ပြီး ဖျက်ပစ်နေရပုံကို သူတို့တွေအားလုံး သိရှိသွားခဲ့ရပါတယ်။ Elogio ရဲ့ ဖြေရှင်းပုံက တကယ်ကိုပညာသားပါပါတယ်။ ဘာကြောင့်ဆိုတော့ သူဒီလို ရှင်းပြပြီးနောက်ပိုင်း မှန်ချပ်ပေါ်မှာ နှုတ်ခမ်းနီရာ တစ်ခုတစ်လေမှ မရှိတော့လို့ပါပဲ။

Vitamin 

#knowledge.thithtoolwin.com

Ref:elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment