Powered by Blogger.

ဓါးပြတိုက်ဖို့ကြိုးစားရင်း ခြေထောက်ကျိုးသွားခဲ့လို့ အရေးပေါ်ကို ကိုယ်တိုင်ဖုန်းဆက်အကြောင်းကြားခဲ့ရသူ


 အမျိုးသမီးတစ်ဦးတည်းနေတဲ့ တိုက်ခန်းကိုဝင်ပြီး ဓါးပြတိုက်ဖို့ကြိုးစားခဲ့သူတစ်ယောက်ဟာ သူရဲ့ရည်ရွှယ်ချက် အထမမြောက်ခဲ့တဲ့အပြင် ခြေထောက်ပါကျိုးသွားခဲ့ရလို့ အရေးပေါ်ဌာနကို ကိုယ်တိုင်ဖုန်းဆက်အကြောင်းကြားခဲ့ရပြီး ဆေးရုံမှာ ကုသမှုခံအပြီးမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

 အသက် ၂၁နှစ်သာရှိသေးတဲ့ Leoul Yosef ဆိုသူဟာ Alexandria မြို့ရှိ တိုက်ခန်းတစ်ခန်းကို ပြောင်းရွှေ့လာခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဓါးပြတိုက်ဖို့အတွက် ကြိုးစားနေရင်းနဲ့ တိုက်ခန်းနှစ်လွှာကနေ ခုန်ချလိုက်ရာမှ ခြေထောက်ကိုထိခိုက်မိသွားပြီး ခြေထောက်ကျိုးသွားခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်စုံတစ်ယောက်က အရေးပေါ်ကို ဖုန်းဆက်အကြောင်းကြားလိုက်တာကြောင့် Yosef ဆီ အချိန်မှီ ရောက်ရှိလာပြီး ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ရဲမှူးတစ်ဦးက အရေးပေါ်ကားကို ဖုန်းဆက်ပြီးအကြောင်းကြားသူဟာ Yosef ကိုယ်တိုင်သာဖြစ်ပြီး သူရဲ့ဓါးပြတိုက်မှုဖြစ်စဉ်ကို ရဲတွေမသိနိုင်အောင်လို့ တစ်စုံတစ်ယောက်က ဖုန်းဆက်လိုက်တဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်ထားတာဖြစ်တယ်လို့ သူ့အမြင်ကို ထွက်ဆိုသွားခဲ့ပါတယ်။

 Yosef မှာလည်း သူရဲ့ခြေထောက်ကျိုးတဲ့ဒဏ်ရာကို ဆေးရုံမှာကုသမှုတွေ ခံယူခဲ့ပြီးနောက်မှာတော့ ဒုက္ခိတဘဝနဲ့ သံတိုင်တွေနောက်မှာ နေထိုင်ရတော့မှာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့စပ်လျဉ်းပြီး ရဲမှူးကြီးက “ ခင်ဗျားတို့ ကောင်းတဲ့ကိစ္စတွေကိုပဲ လုပ်ကိုင်ကြပါ။ မကောင်းတာလုပ်ဖို့ မစဉ်းစားပါနဲ့။ မကောင်းတဲ့စိတ်ဝင်နေလို့ သူတစ်ပါးအိမ်ထဲကိုဝင်ရောက်ပြီး ဓါးပြတိုက်ဖို့လုပ်မယ်ဆိုရင် Yosef လို ဒုက္ခတိဘဝနဲ့ ထောင်ထဲဝင်သွားရပါလိမ့်မယ် ” သတိပေးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment