Powered by Blogger.

၁၉ထပ်အမြင့်ရှိတိုက်ခန်းရဲ့ အလယ်ခေါင်ကနေ ဖောက်လုပ်ထားတဲ့ တရုတ်နိုင်ငံက မီးရထားလမ်း


 Chongqing ဆိုတာ တရုတ်နိုင်ငံအတွင်းက လူနေအထူထပ်ဆုံး မြို့တစ်မြို့ရဲ့နာမည်ဖြစ်ပါတယ်။ တမူထူးခြားတဲ့ မြေမျက်နှာပြင်နဲ့ အထပ်မြင့်တိုက်တာတွေ များပြားနေခြင်းတို့ကြောင့် Chongqing မြို့ထဲမှာ တစ်လမ်းသွားမီးရထားလမ်းကို ဆောက်လုပ်ဖို့ ဗိသုကာပညာရှင်များ တော်တော်လေးခေါင်းစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အကောင်းဆုံးအဖြေတစ်ခုကို ရရှိသွားခဲ့ပြီး ၁၉ထပ်မြင့်တဲ့တိုက်ရဲ့ အလယ်ခေါင်လောက်ကို ဖောက်ထွင်းပြီး မီးရထားလမ်းအဖြစ် အသုံးပြုလိုက်ပါတော့တယ်။

 Chongqing မြို့ဟာ ပတ်ပတ်လည်မှာ တောင်တွေဝန်းရံလျက်ရှိတဲ့ မြို့တစ်မြို့ ဖြစ်နေတဲ့အပြင် မြို့အတွင်းရှိ လူဦးရေဟာဆိုရင်လည်း ၄၉သန်းလောက်အထိ သိပ်သည်းများပြားလှပါတယ်။ ဒီလို လူနေထူထပ်မှုနဲ့ တောင်ကုန်းဆင်ခြေလျှောတွေ များပြားမှုတို့ကြောင့် Chongqing မြို့အတွင်းမှာ အခြေခံအဆောက်အဦးအသစ်တွေ ဆောက်လုပ်ဖို့က စိန်ခေါ်မှုတစ်ရပ်လို့ ဖြစ်နေခဲ့ရပါတယ်။

၂၀၀၄ခုနှစ်ခန့်တုန်းက တရုတ်နိုင်ငံရဲ့ ရထားသယ်ယူပို့ဆောင်ရေးဌာနအတွက် ရွေးချယ်မှုနှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ တစ်ခုကတော့ သူတို့ဖောက်လုပ်ချင်နေတဲ့ ရထားလမ်းအတွက် အဟန့်အတားဖြစ်နေတဲ့ တိုက်တာအဆောက်အအုံကြီးကို တစ်ခုလုံးဖြိုချလိုက်ဖို့နဲ့ နောက်တစ်ခုကတော့ တိုက်ရဲ့အထပ်နှစ်ထပ်လောက်ကို ဖယ်ထုတ်ပြီး ရထားလမ်းဖောက်လုပ်ဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တိုက်ကိုဖောက်ပြီး ရထားလုပ်မယ့် ပရောဂျက်ကိုသာ ရွေးချယ်ခဲ့လိုက်ပါတယ်။

  ဆောက်လုပ်ရေးလုပ်ငန်းတွေ ၁၃နှစ်ကြာမြင့်သွားတဲ့အခါမှာတော့ သူတို့ရဲ့ပရောဂျက်ဟာ အထမြောက်အောင်မြင်သွားခဲ့ပါတယ်။ တိုက်ခန်းကိုဖောက်လုပ်ထားတာဖြစ်တဲ့အတွက် ဒီတိုက်မှာနေထိုင်သူများရဲ့ သယ်ယူပို့ဆောင်ရေးကိစ္စဟာ အလွန်ကိုလွယ်ကူမြန်ဆန်သွားခဲ့ပါတယ်။ ဒီလိုတိုက်အလယ်ခေါင်ကို ဖောက်လုပ်ပြီး ရထားလမ်းလုပ်လိုက်ရတဲ့အတွက် တိုက်ခန်းရဲ့တန်ဖိုး ကျဆင်းသွားနိုင်လောက်တယ်လို့ စာဖတ်သူအနေနဲ့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။

 တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တရုတ်နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စက အရေးအပါဆုံးဖြစ်နေတဲ့အတွက် ဒီလို ရထားကို ကိုယ့်အခန်းကထွက်လိုက်တာ တန်းပြီးစီးလို့ရနိုင်မယ့် အခွင့်အရေးရှိနေတာကြောင့် တိုက်ခန်းဈေးကပါ အလိုလိုမြင့်တတ်သွားခဲ့ပါတယ်။ ရထားသယ်ယူပို့ဆောင်ရေးဌာနဘက်ကလည်း တိုက်တာနေလူထုတွေ ရထားသံဆူညံမှုကင်းအောင် အသံလျှော့ချပေးနိုင်တဲ့ နည်းပညာမြင့်ပစ္စည်းဆန်းတွေကိုပါ လိုက်လံတပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် သူတို့ရွေးချယ်လိုက်တဲ့ ပရောဂျက်က ထူးဆန်းကောင်းထူးဆန်းနိုင်ပေမယ့် အသုံးတည်သွားတာတော့ အသေအချာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

VitamiN




#knowledge.thithtoolwin.com

Ref:Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment