Powered by Blogger.

သခ်ာၤဘာသာရပ္ကုိ ဟစ်ဟော့သံစဉ်တွေနဲ့ သင်ကြားပေးနေတဲ့ ဆရာတစ်ဦး



  သချာင်္ဘာသာရပ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် သချာင်္ကိုမကြိုက်သူတဲ့အဖို့ကတော့ အရမ်းပျင်းဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုပါပဲ။ ဒီလို ပျင်းရိစရာကောင်းတဲ့ ဘာသာရပ်ကို မြူးကြွတဲ့ဂီတသံနဲ့ ပေါင်းစပ်သင်ကြားလိုက်မယ်ဆိုရင် ကျောင်းသားအားလုံးနီးပါး သချာင်္ဘာသာရပ်အပေါ် စိတ်ဝင်စားလာနိုင်တယ်လို့ သင်ထင်ပါသလား။

 ဒီနည်းလမ်းကို စတင်အကောင်အထည်ဖော်လိုက်သူကတော့ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ရဲ့ အထက်တန်းကျောင်းက သချာင်္ဆရာ Kurt Minnaar ဖြစ်ပါတယ်။ အသက် ၃၃နှစ်အရွှယ်ရှိ Kurt ဟာ သချာင်္ဆရာမဖြစ်ခင်မှာ အကလေ့ကျင့်ပေးသူနဲ့ ဟစ်ဟော့တေးဂီသမားဖြစ်ခဲ့ဖူးတြာေ
ကာင့် သူရဲ့သချာင်္အချိန်မှာ အရမ်းပျင်းရိနေတတ်တဲ့ သူ့ကျောင်းသားတွေကို သချာင်္မှာစိတ်ဝင်စားမှုရှိလာစေဖို့အတွက် နည်းလမ်းအသစ်တစ်ခုနဲ့ စတင်ကြိုးစားပါတော့တယ်။ Kurt ဟာ ရိုးရှင်းလှတဲ့ သချာင်္သင်ရိုးကုန်များမှ သချာင်္ဖော်မြူလာများကို မြူးကြွတဲ့ဟစ်ဟော့သံစဉ်တွေအဖြစ် ပြောင်းလဲဖန်တီးပြီး ပုံစံအသစ်တစ်မျိုးနဲ့ သူရဲ့တပည့်များကို ပြောင်းလဲသင်ကြားပေးခဲ့ပါတယ်။ Kurt ရဲ့ သင်ကြားနည်းပုံစံအသစ်က အတော်လေးကို ထိရောက်အောင်မြင်သွားခဲ့ပါတယ်။

 Kurt က သူရဲ့တပည့်တွေ သချာင်္ဘာသာရပ်အပေါ်မှာ စိတ်ဝင်စားမှုနည်းပါးနေတာကို ကိုယ်ချင်းစာပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Kurt ကိုယ်တိုင်ကပဲ ငယ်ငယ်လေးကတည်းက အတန်းထဲမှာ မျောက်ရှုံးအောာင် ဆော့ကစားတတ်လေ့ရှိပြီး သချာင်္ဘာသာရပ်ကို တစက်လေးမှတောင် စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် သူအသက်အရွှယ် နည်းနည်းရလာတဲ့အခါမှာတော့ ဒီလိုသချာင်္ဘာသာရပ်အပေါ် ပျင်းရိနေရခြင်းဟာ သူရဲ့အပြစ်ချည်းသက်သက်မဟုတ်ပဲ  သချာင်္သင်ရိုးကုန်တွေကြောင့်သာ သင်ကြားနေရတဲ့ ကျောင်းသားတွေအနေနဲ့ စိတ်မပါကြတာဖြစ်ကြောင်း သူတွေ့ရှိသွားခဲ့ပါတယ်။ ဒီလိုတွေ့ရှိပြီးနောက်ပိုင်းမှာ Kurt ဟာ သူ့တပည့်တွေအတွက် သချာင်္ဘာသာကို သူတတ်မြှောက်တဲ့ ဟစ်ဟော့ဂီတနဲ့ပေါင်းစပ်ပြီး အောင်အောင်မြင်မြင် သင်ကြားပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com


 Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment