Powered by Blogger.

ဂြိုလ်သားပုံစံပေါက်နေလို့ မိခင်ဖြစ်သူဆီကတောင် နို့စို့ခွင့်မရတဲ့ ကလေးငယ်လေး


  ပုံစံမကျလှတဲ့ ဦးခေါင်းမျိုးနဲ့ လူ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ ကလေးငယ်လေးတစ်ဦးကို နယ်ခံတွေက ဟိန္ဒူနတ်ဘုရားတစ်ပါးပါးက လူဝင်စားတယ်ဆိုတဲ့ သတ်မှတ်ချက်နေကြပေမယ့် ကလေးငယ်လေးကို မွေးဖွားပေးခဲ့တဲ့ မိခင်ဖြစ်သူကတော့ ဂြိုလ်သားတစ်ကောင်နဲ့တူနေတယ်ဆိုပြီး နို့တိုက်ကျွေးဖို့တောင် ထိတ်လန့်နေပါတယ်။

 ကလေးလေးယောက်မိခင်ဖြစ်သူ Khalida Begum ဟာ နာမည်တောင်မသတ်မှတ်ရသေးတဲ့ ကလေးငယ်လေးကို ပြီးခဲ့တဲ့တနင်းလာနေ့က ဖွားမြင်ခဲ့တာဖြစ်ပြီး မွေးမွေးပြီးချင်းမှာပဲ ဦးခေါင်းသေးပြီး မျက်လုံးပြူးနေတဲ့ ကလေးငယ်ကို မြင်လိုက်ရတဲ့အခါ တော်တော်ကိုထိတ်လန့်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆရာဝန်များရဲ့အဆိုအရ ဒီကလေးငယ်လေးဟာ အလွန့်အလွန်ကို ရှားပါးလွန်းတဲ့ မျိုးရိုးဗီဇရောဂါကို ခံစားနေရတာဖြစ်ကြောင်း သိရပါတယ်။ ဒေသခံများကတော့ ဒီရောဂါကြောင့် ကလေးငယ်လေးအနေနဲ့ အရေပြားတွေ ထူပြောလာခဲ့ပြီး ပုံစံလည်း တဖြည်းဖြည်းဆိုးလာခဲ့ကာ အသက်ရှည်နိုင်ဖွယ်မရှိဘူးလို့ သတ်မှတ်ထားကြပါတယ်။

 ထူးခြားတဲ့ ကလေးငယ်ဟာ အိန္ဒိယနိုင်ငံ Kathihar ဒေသမှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် သူရဲ့နေအိမ်ဟာ သူ့ကိုလာရောက်ကြည့်ရှုကြသူများနဲ့ အတော်လေးကိုစည်းကားနေပါတယ်။ လာရောက်ကြည့်ရှုကြသူများထဲကမှ လူအချို့ကတော့ ဒီကလေးလေးဟာ ဟိန္ဒူနတ်ဘုရား ဟာနုမာန်ဝင်စားတာ ဖြစ်နိုင်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ကလေးရဲ့မိခင်ဖြစ်သူ Khalida Begum ကတော့ သူမမွေးခဲ့သမျှ သားသမီးတွေအားလုံးဟာ ကျန်းကျန်းမာမာတွေချည်းဖြစ်ခဲ့ပေမယ့် ဒီကလေးတစ်ယောက်ကသာ ထူးခြားနေတာကြောင့် သူမအနေနဲ့ ဒီကလေးလေးကို နို့တိုက်ဖို့မဝံရဲတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကလေးငယ်လေးရဲ့ ဖခင်ကတော့ မိခင်ဖြစ်သူနဲ့ အမြင်မတူပဲ ဘုရားသခင်က သူတို့အတွက် လက်ဆောင်ပေးလိုက်တယ်လို့သာ ထင်မြင်မိကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment