Powered by Blogger.

အဆင့်နှစ်ပဲရလို့ ကိုယ်ကိုကိုယ်သေကြောင်းကြံလိုက်တဲ့ ၁၅နှစ်အရွှယ်ကောင်မလေး


 ကလေးတစ်ယောက်ရဲ့ဘဝမှာ ပညာရေးဆိုတဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုပေမယ့် တခြားဘယ်အရာတွေကိုမှ ပေးမလုပ်ခိုင်းပဲ ပညာရေးကိုသာ ဖိလုပ်ခိုင်းနေမယ်ဆိုရင် ကလေးတွေရှေ့ရေးအတွက် စိတ်သောကဖြစ်စရာတွေ ကြုံရတတ်ဆိုတာ တကယ့်ဖြစ်ရပ်လေးတစ်ခုက သင်ခန်းစာပေးသွားခဲ့ပါတယ်။

 ဖြစ်ပုံကတော့ ဒီလိုပါ။ မလေးရှားနိုင်ငံအတွင်းက ၁၅နှစ်အရွှယ် ကျောင်းသူတစ်ဦးဟာ ကျောင်းမှာအဆင့်နှစ်သာရလို့ ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးသွားခဲ့တဲ့ ရင့်နစ်စရာ အဖြစ်အပျက်လေးပါ။ အဆင့်နှစ်ဆိုတာ ကျောင်းသားကျောင်းသူတစ်ယောက်အတွက် နိမ့်ကျတဲ့အဆင့်မှမဟုတ်ပဲ။ ဒီလို သတ်သေသွားစရာမှ မလိုအပ်ပါဘူး။ ဒါဆို ဒီကလေးလေး အရွှယ်မတိုင်ခင် လူ့လောကထဲက ထွက်ခွာသွားရတာဟာ ဘယ်သူမှာ တာဝန်အရှိဆုံးလဲထင်ပါသလဲ။

 ကလေးလေးရဲ့မိခင်မှာ တာဝန်အရှိဆုံးပါပဲ။ ဆုံးသွားတဲ့ကလေးမလေးရဲ့ မိခင်ဖြစ်သူဟာ ပညာတတ်တစ်ဦးဖြစ်တာနဲ့အညီ သားသမီးတွေရဲ့ ပညာရေးအပေါ် လိုတာထက်ပိုဂရုစိုက်လွန်းပြီး အထူသဖြင့် အိမ်နီးနားချင်းတွေရဲ့ သားသမီးတွေထက် ကိုယ့်သားသမီးကိုသာ ကျောင်းပညာရေးမှာ ပိုမိုထူးချွန်စေလိုတဲ့ မိခင်မျိုးဖြစ်ပါတယ်။ ဒီလို ရည်ရွှယ်ချက်ကြီးမားလွန်းတာကြောင့် သားသမီးတွေကို ကစားချိန်တောင် မပေးတော့ပဲ အချိန်ပြည့်စာကိုသာ လုပ်ခိုင်းစေပါတယ်။ ဒီလို ဆက်တိုက်စာကိုသာလုပ်ခိုင်းတဲ့ ဆိုးကျိုးတစ်ခုကိုတော့ အခု သူမကောင်းကောင်းကြီးခံစားလိုက်ရပါပြီ။

 သူမရဲ့သမီးအငယ်ဆုံးလေးဟာ ကျောင်းစာမေးပွဲရလဒ်မှာ မိခင်ဖြစ်သူလိုချင်နေတဲ့ အဆင့်တစ်နေရာကိုမရပဲ အဆင့်နှစ်ကိုသာ ရရှိခဲ့လို့ စိတ်ဓါတ်တွေကျပြီး အမေဖြစ်သူကိုလည်း မပြောရဲရာကနေ နောက်ဆုံးမှာတော့ သူကိုယ်သူသာ သတ်သေသွားခဲ့ရပါတယ်။ ဒီအချိန်မှာ နောင်တရလည်း အရာအားလုံးက နောက်ကျသွားခဲ့ပါပြီ။ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာ ကျောင်းပညာရေးနဲ့ပဲ မလုံလောက်ပါဘူး။ သူ့အရွှယ်နဲ့သူ ကစားချိန်မှာ ပေးကစားသင့်သလို စာလုပ်ချိန်ကိုလည်း အချိန်လေးတစ်ခုနဲ့သာ သတ်မှတ်ထားသင့်ပါတယ်။ ဘယ်အရာမဆို တစ်ခုတည်းကိုသာ တစ်ဖက်စောင်းနင်းလုပ်ရင် ဆိုးကျိုးတွေဖြစ်လာတတ်တယ်ဆိုတာ မိဘတိုင်း သတိထားနိုင်ကြပါစေခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment