Powered by Blogger.

ရှစ်နှစ်လောက် ပျောက်ဆုံးသွားတဲ့ ပိုက်ဆံအတ်ကို အထဲကပိုက်ဆံတစ်ပြားမှမလျော့ပဲ ပြန်လည်တွေ့ရှိ


 သင်ပိုက်ဆံအိတ် ကျပျောက်ဖူးပါသလား။ ကျပျောက်သွားရင်ရော ပြန်လည်ရှာတွေ့ဖူးပါသလား။ ပြန်လည်ရှာတွေ့ခဲ့ရင်ရော အထဲမှာ ပိုက်ဆံတစ်ပါးမှမလျော့ပဲ ပြန်လည်တွေ့ရှိတတ်ပါသလား။ လုံးဝမဖြစ်နိုင်လောက်ဘူးနော်။ ဒီလို မဖြစ်နိုင်စရာ အဖြစ်အပျက်တစ်ခုကတော့ တကယ့်လက်တွေ ဖြစ်ပေါ်သွားခဲ့ပါတယ်။

 အမေရိကန်နိုင်ငံ ဘော်စတွန်မြို့သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းက သူမရဲ့ပိုက်ဆံအိတ်တစ်လုံး ကျပျောက်သွားခဲ့ပြီး အသည်းအသန် ပြန်လည်ရှာဖွေခဲ့ပေမယ့် လုံးဝကို ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေထိုင်ခဲ့ရာကနေ ပိုက်ဆံအိတ်ပျောက်ပြီး ရှစ်နှစ်အကြာမှာပဲ မမျှော်လင့်ပဲ ပိုက်ဆံအိတ်ကို ပြန်လည်ရှာတွေ့သွားခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာကတော့ ပြန်လည်ရှာတွေ့ခဲ့တဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံအားလုံးဟာ တစ်ပြားတစ်ချပ်မှတောင် လျော့မနေတာပဲဖြစ်ပါတယ်။ တော်တော်လေးကို ကံကောင်းခဲ့တယ်လို့တောင် သတ်မှတ်နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

 ဥစ္စာမှန်လို့ ပိုက်ဆံအိတ်ကို ပြန်လည်ရရှိခဲ့တဲ့ သူနာပြုကျောင်းသူလေး Courtney Connolly က " ကျွန်မ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ တစ်ပြားမှ လျော့မနေဘူး။ Credit Card ကိုလည်း ထိထားပုံမရှိဘူး။ ကျွန်မရဲ့ Social Security တွေလည်း အသုံးပြုထားတာ မရှိဘူး။ အခုဟာက ရှစ်နှစ်ကြာလောက် ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်တွေ့ရတာမျိုးမဟုတ်ပဲ မနေ့ကပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်တွေ့ရသလိုမျိုးဖြစ်နေတယ် " လို့ ပြောဆိုခဲ့ပါတယ်။ ရှစ်နှစ်ကြာပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို မထင်မှတ်ပဲ ပြန်တွေ့ခဲ့ရတဲ့ Courtney Connolly ဟာ အံသြဝမ်းမြောက်တဲ့စိတ်နဲ့ သူမရဲ့ ခန္ဓာဗေဒစာမေးပွဲကိုပါ အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. မဟုတ်သေးပါဘူး တင်ပေးတာတော့ ကျေးဇူးတင်ပါတယ် အစဖြစ်တဲ့ ဘယ်လိုနေရာမှာပျောက်ပြီး ဘယ်နားပြန်တွေ့တယ်ဆိုတာ မပါဘူးဆိုတော့ ခေါင်းမပါတဲ့ကိုယ်နဲ့တူသွားသလိုပဲ

    ReplyDelete