Powered by Blogger.

လူမည်းယောင်ဆောင်ပြီး ဓါးပြတိုက်မှုခြောက်ခုကို ကျူးလွန်ခဲ့တဲ့ လူဖြုအမျိုးသားတစ်ဦး

 တချို့ရာဇဝတ်သမားတွေ ဦးနှောက်အရမ်းပြေးတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေ ခေါင်းခြောက်ရလောက်အောင်အထိ ဖြစ်စေနိုင်ပါတယ်။ အခုအခါမှာလည်း အာဖရိကန်-အမေရိကန်လူမျိုးအသွင်ဆောင်ပြီး ဓါးပြတိုက်မှုကြီးခြောက်ခုကို ကျူးလွန်ခဲ့တဲ့ လူဖြုအမျိုးသားတစ်ဦးကြောင့် လူတွေမှားဖမ်းမိတဲ့အထိကို ဖြစ်သွားခဲ့ရပါတယ်။


 အသက်သုံးဆယ်အရွှယ်ရှိ Conrad Zdzierak ဆိုသူဟာ လူမည်းတစ်ယောက်အသွင်ဖြစ်အောင် သေသေချာချာ ပြုလုပ်ဖန်တီးထားတဲ့ မျက်နှာဖုံးကိုတပ်ဆင်ပြီး ဓါးပြတိုက်နေခဲ့သူဖြစ်ပါတယ်။

ဒီလို လူမည်းတစ်ယောက်အသွင်ဖမ်းထားလို့ ရဲတွေဟာ လူဆိုးတွေမှားဖမ်းမိခဲ့တဲ့အပြင် မှားဖမ်းခံရမိတဲ့လူတစ်ဦးရဲ့ မိခင်ကလည်း CCTV ကင်မရာမှာ ပေါ်နေတဲ့လူဆိုးမျက်နှာက သူ့သားမျက်နှာမှ သူ့သားမျက်နှာသာဖြစ်ကြောင်းပါ ဝန်ခံသွားခဲ့အထိကို ဖြစ်သွားစေခဲ့ပါတယ်။ Conrad ဟာ ဒီလူမည်းမျက်နှာဖုံးကို အသုံးပြုပြီး ဘဏ်တိုက်လေးခု ၊ ဆေးဆိုင်တစ်ဆိုင်နဲ့ ငွေလွဲဌာနတစ်ခုတို့ကို ဓါးပြတိုက်ခဲ့ရာ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲလောက်အထိကို ရရှိခဲ့ပါတယ်။


 မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုတဲ့ စကားအတိုင်းပဲ ရဲတွေကိုလည်ပတ်နိုင်ခဲ့တဲ့ Conrad ဟာ တစ်ချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ဘယ်လိုမှရုန်းမထွက်နိုင်တော့ပဲ အခုဆို ထောင်ဒဏ် ၃၅နှစ်အထိ ကျခံဖို့ စီရင်ချက်ချလိုက်ပြီဖြစ်ပါတယ်။

 Conrad ဟာ သူရဲ့ဓါးပြမှုခြောက်ခုအတွက် အဓိကနေရာက ကူညီပေးနိုင်ခဲ့တဲ့ လူမည်းမျက်နှာဖုံးကို ကယ်လီဖိုးနီးယားမှာရှိတဲ့ SPFXmasks ကုမ္မဏီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရမှာ အသုံးပြုဖို့အတွက်ဆိုပြီး လိမ်ညာဝယ်ယူသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Elite Reader

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment