Powered by Blogger.

မီးလောင်နေတဲ့ဘတ်စ်စကားရှေ့မှာ အမှတ်တရဓါတ်ပုံရိုက်ကြတဲ့ မင်္ဂလာစုံတွဲ


 အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာ သတို့သားနဲ့သတို့သမီးတို့အတွက် မမေ့နိုင်စရာ အမှတ်တရနေ့ရက်လေးဖြစ်သွားစေနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ ရင်ထိတ်စရာကောင်းလှပါတယ်။

 သတို့သားနဲ့သတို့သမီးဖြစ်သူ Krissi နဲ့ Shane McCollow တို့ဟာ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ခရစ်ယာန်ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားဖို့အတွက် ဘတ်စ်ကားနဲ့ ခရီးနှင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းကိုရောက်ရှိဖို့ ငါးမိုင်လောက်အလိုမှာပဲ ဘတ်စ်ကားအတွင်းမှာ မီးခိုးငွေ့တွေ ရုတ်တရတ်ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Krissi က သူတို့စီးလာတဲ့ဘတ်စ်ကားဟာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး ဘုရားကျောင်းကို အချိန်မှီမရောက်နိုင်မှာကိုလည်း စိတ်ပူသွားခဲ့ရပါတယ်။

 သို့ပေမယ့်လည်း ကံကောင်းချင်တော့ ဘတ်စ်ကားက မင်္ဂလာဆောင်အခမ်းအနားပြုလုပ်မယ့် ဘုရားကျောင်းအထိကို မောင်းနှင်လာနိုင်ခဲ့ပါတယ်။ ကားပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ဆင်းချလာပြီးနောက် အရက်ပုလင်းတွေထည့်ထားတဲ့ သေတ္တာဗုံးကိုသယ်ပြီးနောက်မှာ ဘတ်စ်ကားကြီးဟာ ဝုန်းခနဲထပေါက်ကာ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ဘတ်စ်ကားကုမ္မဏီရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အခုလို ဘတ်စ်ကားပေါက်ကွဲမှုဖြစ်ရတာဟာ ဘရိတ်စနစ် ချို့ယွင်းနေမှုဖြစ်တယ်လို့ ဆိုပါတယ်။

 အသက်အန္တရာယ်ကနေ လက်မတင်လေး လွတ်မြောက်လာနိုင်ခဲ့တဲ့ မင်္ဂလာဆောင်စုံတွဲအတွက်ကတော့ သူတို့ရဲ့ မင်္ဂလာနေ့ရက်ဟာ အမှတ်တရတွေနဲ့ အတော်လေးပြည့်နက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ မင်္ဂလာဆောင်စုံတွဲဟာ သူတို့နဲ့အတူ ဘတ်စ်ကားပေါ်မှာ စီးနင်းလိုက်ပါခဲ့သူများနဲ့ စုစည်းပြီး ပေါက်ကွဲပျက်ဆီးသွားခဲ့တဲ့ ဘတ်စ်ကားရှေ့မှာ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN


VitamiN

#knowledge.thithtoolwin.com

Src : Elite Readers
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment