Powered by Blogger.

အသက်ဆယ်နှစ်အရွှယ်မှာပဲ ကိုယ်ပိုင်ကုမ္မဏီထောင်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်မလေး



ဆယ်နှစ်သားအရွှယ်ဆိုတာ ဆော့လို့ကောင်းတုန်း ကာတွန်းကားတွေ ပါဝါရိန်းဂျားကားတွေ ကြည့်ကောင်းနေတုန်း အရွှယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Isabel Sieh ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံသူလေးကတော့ ဆယ်နှစ်အရွှယ်ဆိုတာ လေ့လာမှုကြီးတွေပြုလုပ်ဖို့ မငယ်လွန်းတဲ့အရွှယ်လို့ ခံယူထားပုံရပါတယ်။

Isabel လေးဟာ အသက်ဆယ်နှစ်အရွှယ်မှာကတည်းက Coding တွေကို စတင်လေ့လာသင်ကြားခဲ့ပြီး Programmer တစ်ယောက်အဖြစ် ရပ်တည်နေနိုင်သူဖြစ်ပါတယ်။ 

ငယ်စဉ်ကတည်းက သချာင်္ဘာသာရပ်မှာ ပါရမီပါခဲ့သူဖြစ်တဲ့ Isabel ကို သူရဲ့ဆရာတစ်ယောက်က သတိထားမိသွားခဲ့ပြီး Coding အကြောင်းတွေ လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ရာကနေ Programming ဘာသာရပ်ကို အရူးအမူးစွဲလန်းသွားခဲ့တာဖြစ်ပါတယ်။ 


Isabel ဟာ ကနဦးမှာ Code Academy ဆိုတဲ့ အွန်လိုင်းသင်ကြားရေးစနစ်မှာ ဆရာမလိုပဲ ကိုယ်တိုင်လေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ Isabel ရဲ့ မိခင်များက ဆရာတစ်ယောက်ခေါ်ယူပေးပြီး သမီးဖြစ်သူ ဝါသနာပါတဲ့ပညာရပ်ကို အကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။ အခုဆို Isabel ဟာ Hypertext Markup Language လို့ခေါ်တဲ့ HTML ဘာသာရပ်နဲ့ JavaScript ဘာသာရပ်တို့ကို လုံးဝကျွမ်းကျင်တတ်မြောက်လို့နေပြီဖြစ်ပါတယ်။



 Isabel ဟာ သူရဲ့တတ်မြောက်မှုအပေါ်မှာ မတင်းတိမ်နိုင်တာကြောင့် အခုဆိုရင် Girls Will Code ဆိုတဲ့ ကုမ္မဏီတစ်ခုကိုပါ သူမကိုယ်တိုင်တည်ထောင်ထားပြီး သူမလို ငယ်ရွှယ်ပြီး Coding အကြောင်းတွေ ဝါသနာပါတဲ့ ကလေးမလေးများအတွက် သင်ကြားပေးနေလျက်ရှိပါတယ်။ အခုဆို Isabel လေးဟာ အသက် ၁၃နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ သူမဟာ ဖိလစ်ပိုင်နိုင်ငံက ကျောင်းပေါင်းစုံကိုသွားရောက်ပြီး Programming ဘာသာရပ်အပေါ် သူမဝါသနာကြီးခဲ့ပုံနဲ့ လေ့လာဖြစ်ခဲ့ပုံအသေးစိတ်ကို လိုက်လံမျှဝေပြလျက်ရှိပါတယ်ခင်ဗျာ။


VitamiN

#knowledge.thithtoolwin.com

Src : Elite Readers
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment