Powered by Blogger.

ဆွစ်ဇာလန်နိုင်ငံ တောင်တန်းဒေသမှရရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး လေကောင်းလေသန့်ပုလင်း



ဆွစ်ဇာလန်လန်လိုနိုင်ငံမျိုးမှာ တခြားနိုင်ငံတွေထက်စာရင် အစစအရာရာက ဈေးပိုမိုများနေတယ်ဆိုပေမယ့် တောင်တန်းဒေသတွေကရရှိတဲ့ လေကောင်းလေသန့်တွေကိုတော့ အလကားရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ လေကောင်းလေသန့်ကိုလည်း အလကားမရနိုင်တော့ပါဘူး။

သင့်အနေနဲ့ ဆွစ်ဇာလန်နိုင်ငံက တောင်တန်းဒေသတွေကနေ ရရှိလာတဲ့ လေကောင်းလေသန့် တစ်လီတာပုလင်းတစ်လုံးကို ရှုရိုက်ချင်တယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၆၇ဒေါ်လာအထိကို သုံးစွဲရမှာဖြစ်ပါတယ်။ ဒီလိုစီးပွားရေးဆန်ဆန် ဖန်တီးခဲ့သူကတော့ ဗြိတိန်နိုင်ငံသား John Green ဖြစ်ပါတယ်။ Green ဟာ ဆွတ်ဇာလန်နိုင်ငံ Zermatt မြို့အနားရှိ တောင်တန်းတွေကနေ ရရှိလာတဲ့ လေကောင်းလေသန့်များကို စနစ်တကျသိမ်းဆည်းပြီး တစ်ပုလင်းကို ၁၆၇ဒေါ်လာနဲ့ အွန်လိုင်းပေါ်ကနေ ရောင်းချပေးနေတာဖြစ်ပါတယ်။

လေကောင်းလေသန့်တွေပါဝင်တဲ့ပုလင်းကို အမျိုးသားအမျိုးသမီး ကြီးကြီးငယ်ငယ်မရွှေး လက်ဆောင်အဖြစ်နဲ့ ပေးနိုင်ပြီး တခြားသောလက်ဆောင်တွေထက် များစွာအဓိပာယ်ရှိကြောင်း Green က ရှင်းပြပါတယ်။ Green ထုတ်လုပ်ထားတဲ့ လေသန့်ပုလင်းဟာ ဆွတ်ဇာလန်ကရရှိတဲ့ လေသန့်ဖြစ်ကြောင်း အာမခံချက်ရထားသလို သူတို့ထုတ်လုပ်နေတဲ့နေရာကို ဝယ်ယူသုံးစွဲသူတွေ သိရှိစေနိုင်ပြီး စိတ်သန့်သန့်နဲ့ သုံးစွဲနိုင်ဖို့အတွက် GPS ပါ ထည့်သွင်းလို့ပေးထားပါတယ်။


Green က သူရဲ့လေသန့်ပုလင်းကို လူတိုင်းနီးပါး မသုံးစွဲနိုင်မှာကို သိရှိထားတာကြောင့် ၅၀၀ မီလီလီတာပါဝင်တဲ့ လေသန့်ပုလင်းတစ်လုံးကို ၉၇ဒေါ်လာနဲ့ ရောင်းချပေးနေပါတယ်။ ဒါ့အပြင် ပိုက်ဆံတတ်နိုင်တဲ့သူများအတွက် လေသန့်သုံးလီတာပါဝင်တဲ့ လေသန့်ပုလင်းတစ်လုံးကို ၂၄၇ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။ ဒီလိုအမြတ်များများနဲ့ ရောင်းချနေပေမယ့် ရရှိတဲ့အမြတ်ငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို အာဖရိကဒေသခံများ သောက်ရေသန့်ရရှိရေးကို ပြုလုပ်ပေးနေတဲ့ ပရဟိတအသင်းအတွက် ဝင်ရောက်လှူဒါန်းပေးတယ်လို့ သိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment