Powered by Blogger.

Shopping Centre တစ်ခုရဲ့အပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ မကောင်းဆိုးဝါးပုံစံ တိမ်တိုက်ကြီး



 သင်အနေနဲ့ Harry Potter ဇာတ်ကားတွေကို မလွတ်တမ်းစောင့်ကြည့်ဖူးသူတစ်ယောက်ဆိုရင် ဇမ်ဘီယာနိုင်ငံ ကီတွီမြို့မှာရှိတဲ့ Shopping Centre တစ်ခုရဲ့အပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ မကောင်းဆိုးဝါးပုံစံ တိမ်တိုက်ကြီးကို ကောင်းကောင်းရင်းနှီးနေပါလိမ့်မယ်။

 ဒီတိမ်တိုက်ပုံစံဟာ Harry Potter ရဲ့ လေးကားမြောက်ဇာတ်ကား Goblet of Fire မှာပါဝင်နေတဲ့ ဝိညာဉ်စုပ်ယူသော မကောင်းဆိုးဝါးတွေရဲ့ပုံစံနဲ့ အတော်လေးကိုဆင်တူနေပါတယ်။ ဒေသခံတွေနဲ့ မီဒီယာတွေပြောဆိုချက်အရ ဒီတိမ်တိုက်ဟာ အရှည်တစ်ရာမီတာလောက်ရှိနိုင်ပြီး စစတွေ့ချင်းမှာပဲ အားလုံးအံသြမှင်သက်သွားခဲ့ရတယ်လို့ သိရပါတယ်။

 မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက “ ကောင်းကင်ပေါ်မှာ လူပုံစံတိမ်တိုက်ကြီး ဖွားခနဲပေါ်လာတော့ ကျွန်တော်တို့တော်တော်လေး အံသြသွားခဲ့ရတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ မိနစ်သုံးဆယ်လောက်အကြာမှာတော့ ပုံစံက ထင်ထင်ရှားရှားကို ပေါ်လာခဲ့တယ်။ ကြက်သီးထစရာကောင်းတယ် ” လို့ သူရဲ့အတွေ့အကြုံကို ဝေမျှပြောဆိုသွားခဲ့ပါတယ်။


 ဒီတိမ်တိုက်ကို တွေ့ရှိပြီးနောက်ပိုင်းမှာတော့ ဒေသခံအချို့က နတ်ဘုရားတွေ ဖန်းဆင်ရှင်တွေအမှတ်နဲ့ ရှိခိုးကြသလို အချို့ကလည်း ထိုနေရာကနေ ဝေးရာကိုထွက်ပြေးသွားခဲ့ကြပါတယ်။ ဒီလို လူတွေကိုအလန့်တကြားဖြစ်စေနိုင်ခဲ့တဲ့ မကောင်းဆိုးဝါးတိမ်တိုက်ကြီးဟာ ဇမ်ဘီယာနိုင်ငံ Mukuba ဈေးဝယ်စင်တာရဲ့ကောင်းကင်ထက်မှာ တစ်နာရီခွဲလောက်အထိကို တည်ရှိခဲ့ပါတယ်။ လူတချို့ကတော့ ဒါဟာ Photoshop သက်သက်သာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment