Powered by Blogger.

ပေခြောက်ဆယ်လမ်းမကြီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြီးစတန့်ပြခဲ့တဲ့ ဆိုင်ကယ်သမား


မော်တော်ဆိုင်ကယ်ခုန်သမားတစ်ဦးဖြစ်တဲ့ Kyle Katsandris ဟာပြီးခဲ့တဲ့ သောကြာနေ့က Instagram ပေါ်မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။

အသက်၂၄နှစ်အရွယ် Katsandris ဟာ အလွန်ရှုပ်ထွေးတဲ့ ပေခြောက်ဆယ် Riverside County က Feeway မှာ သူ့အဖွဲ့သားတွေနဲ့အတူ ဒီစတန့်ကို ပြုလုပ်ခဲ့တာပါ။

ဒီအတွက်ကို ကယ်လီဖိုးနီးယားပြည်နယ် သယ်ယူပို့ဆောင်ရေး ဌာနက ဗီဒီယိုကို မှတ်တမ်းတင်ပြီး ဒီဖြစ်ရပ်အတွက်ပါဝင်ခဲ့တဲ့ နေရာ၊ လူတွေကို စုံစမ်းနေတာပါ။

“ဒီလို အန္တရာယ်ကြီးတဲ့စတန့်ကို လမ်းမကြီးပေါ်မှာပြတာဟာ လမ်းပေါ်မှာသွားနေတဲ့ ခရီးသွားပြည်သူတွေအတွက်ပါ အန္တရာယ်များတဲ့အတွက် ဒီလိုလုပ်ခဲ့တဲ့ လူတွေကို အရေးယူဆောင်ရွက်လိုပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒီအတွက် ရဲအဖွဲ့နဲ့အတူ ကယ်လီဖိုးနီးယားအဝေးပြေးလမ်း တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် စုံထောက်တွေက စတန့်သမားဟာ မျက်နှာမှာ ဟဲလ်မက်ဆောင်းထားတာကြောင့် ဘယ်သူမှန်းမသိရဘူးလို့ ဆိုပါတယ်။

ဗီဒီယိုကို အောက်မှာကြည့်ရှုနိုင်ပါတယ်။



U Min Thant

#knowledge.thithtoolwin.com

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment