Powered by Blogger.

သမီးလိုချင်တဲ့မိခင်ကိုရည်စူးပြီး ပိတ်ရက်နေ့တိုင်း မိန်းကလေးလိုဝတ်ဆင်ပေးခဲ့တဲ့ အဘိုးအို



လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကစပြီး ယနေ့ထိတိုင်အောင် တရုတ်နိုင်ငံ ကူမင်းမြို့မှာနေထိုင်တဲ့ အသက် ၇၄နှစ်အရွှယ် Li Yinglai ဆိုသူဟာ ပိတ်ရက်နေ့တိုင်းလိုလိုမှာ တရုတ်ရိုးရာ အမျိုးသမီးဝတ်စုံများကိုဝတ်ဆင်ပြီး Green Lake ဥယျာဉ်ထဲ လာရောက်အပန်းဖြေသူများအတွက် ဖျော်ဖြေတင်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Li ဟာ ပိုက်ဆံတောင်းဖို့အတွက် အခုလိုဖျော်ဖြေတင်ဆက်တာမျိုးမဟုတ်ပဲ သူရဲ့မိခင်ဖြစ်သူကို အဓိကရည်ရွှယ်ပြီး ဖျော်ဖြေပေးတာဖြစ်တယ်လို့ ပြောဆိုပါတယ်။


Li မှာတော့ သမီးမိန်းကလေးတစ်ယောက်ကို အမြဲလိုချင်နေတဲ့ အသက် ၉၆နှစ် မိခင်တစ်ယောက်ရှိပါတယ်။ Li ရဲ့ သမီးတစ်ယောက်လောက်ရဖို့ အမြဲအိမ်မက်မက်ခဲ့သူဖြစ်ပေမယ့် တကယ်လက်တွေ့မှာ Li အပါအဝင် သားနှစ်ဦးကိုသာ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် Li က သူ့မိခင်ဆန္ဒကို တစ်ထောင့်တစ်နေရာကို ဖြည့်ဆည်းပေးချင်တဲ့အတွက် အသက်ခြောက်ဆယ်အရွှယ်ကနေစပြီး အပတ်စဉ်ပိတ်ရက်တိုင်းလိုလိုမှာ အမျိုးသမီးဝတ်စုံခြယ်သကာ လမ်းတစ်လျှောက် ကခုန်မြူးထူးမှုတွေကို ၁၄နှစ်တိုင်တိုင် ပြုလုပ်ခဲ့ပါတယ်။ Li က အခုလို အမျိုးသမီးဝတ်ဆုံတွေဝတ်ဆင်ရခြင်းဟာ သမီးအရမ်းလိုချင်တဲ့မိခင်ကို ပျော်ရွှင်စေချင်တာဖြစ်ကြောင်းနဲ့ အခြားသူများကိုလည်း ပျော်ရွှင်စေချင်တာကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။


 မိခင်အပေါ်ကို အရမ်းသိတတ်တဲ့ Li ဟာ သူကိုယ်တိုင် သက်ကြီးရွှယ်အိုတစ်ယောက်ဖြစ်နေပေမယ့် အိမ်ထောင်လည်းလုံးဝမပြုခဲ့သလို အလုပ်ကိုလည်း မယ်မယ်ရရမလုပ်ကိုင်ပဲ မိခင်ဖြစ်သူရဲ့အနားမှာသာ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ တနင်းလာနေ့ကနေ သောကြာနေ့အထိ သာမာန်အမျိုးသားတစ်ယောက်လို နေထိုင်ပြုမှုတတ်တဲ့ Li ကို စနေ တနင်္ဂနွေရောက်ပြီဆိုတာနဲ့ Green Lake ပန်းခြံအတွင်းမှာ အမျိုးသမီးအဆောင်အယောင်တွေဆင်မြန်းပြီး အားလုံးကိုပျော်ရွှင်အောင် လုပ်ပေးနေသူတစ်ယောက်အဖြစ် မြင်တွေ့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment