Powered by Blogger.

အကြွေစေ့ပေါင်းကိုးရာကျော်ကိုမျိုချထားမိတဲ့ လိပ်ကြီးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့



 ထိုင်းနိုင်ငံသားအများစုက ရေကန်ထဲကို အကြွေစေ့ပစ်တဲ့ အလေ့အထရှိတတ်ကြပြီး ဒါကသူတို့အတွက် ကံဆိုးခြင်းတွေပျောက်ပြီး ကံကောင်းခြင်းတွေကို ရောက်ရှိစေတတ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် သူတို့ပစ်လိုက်တဲ့ အကြွေစေ့တွေက ရေကန်ထဲမှာရှိတဲ့ လိပ်ကြီးတွေရဲ့ဗိုက်ထဲကို ရောက်သွားလိမ့်မယ်ဆိုတာကိုတော့ ဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး။

 သက်တမ်းအားဖြင့် ၂၅နှစ်လောက်ရှိတဲ့ ပင်လယ်လိပ်တစ်ကောင်က ထိုင်းနိုင်ငံသားတွေ ရေကန်ထဲပစ်ချလိုက်တဲ့ အကြွေစေ့တွေကို အစာအမှတ်နဲ့ စားသုံးခဲ့ရာ ဝမ်းဗိုက်ထဲမှာ အကြွေစေ့ပေါင်း ၉၁၅ခုအထိတောင် ရောက်ရှိနေခဲ့ပါတယ်။ ဒါဟာလည်း ရေကန်ထဲက လိပ်တွေကို တစ်နေရာကိုပို့ဆောင်ပေးဖို့ ခေါ်ဆောင်ရင်းနဲ့ ထိုလိပ်ကြီး နေမကောင်းဖြစ်နေတာကို သတိထားမိသွားပြီး CT Scan ရိုက်ကြည့်လိုက်ရာမှ အစာအိမ်ထဲမှာ အကြွေစေ့ကိုးရာကျော် ရှိနေတာကို သိရှိခဲ့လိုက်ရတာပဲဖြစ်ပါတယ်။


အလေးချိန် ၁၁ပေါင်လောက်လေးတဲ့ အကြွေစေ့တွေဟာ လိပ်ကြီးရဲ့ဝမ်းဗိုက်အတွင်းမှာ နေရာအပြည့်ကိုယူထားပြီး ဒါတွေကို မဖယ်ရှားပေးပဲ ဒီအတိုင်းထားမယ်ဆိုရင် လိပ်ကြီးရဲ့ အစာခြေစနစ်ဟာ လုံးဝကိုပိတ်သွားနိုင်တဲ့ အခြေအနေမျိုးရှိနေပါတယ်။


ဒါပေမယ့် ကံကောင်းတာကတော့ ဘန်ကောက်မြို့က တိရစ္ဆာန်ခွဲစိတ်ဆရာဝန်ငါးယောက် တာဝန်ယူပြီး လိပ်ကြီးကို ခွဲစိတ်ကုသပေးခဲ့ရာ ခွဲစိတ်ကုသချိန် ခုနှစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက်မှာတော့ လိပ်ရဲ့ဝမ်းဗိုက်ထဲက အကြွေစေ့တွေအားလုံးကို ဖယ်ထုတ်ပေးလိုက်နိုင်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုခံထားတဲ့ လိပ်ကြီးဟာလည်း နောက်နှစ်လကြာရင် အရင်လိုအကောင်းပကတိအတိုင်း ဆက်လက်နေထိုင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။



VitamiN


#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment