Powered by Blogger.

သြစတြေးလျနိုင်ငံက ဆားကန်ကြီး ပန်းရောင်ပြောင်းသွားခဲ့


သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားမှာရှိတဲ့ ဆားရေကန်ကြီးဟာ ရုတ်တရက် ပန်းရောင်ပြောင်းသွားခဲ့ကြောင်း သိရပါတယ်။ ဗစ်တိုးရီးယားပန်းခြံထဲမှာရှိတဲ့ ဆားကန်ကြီးဟာ အရောင်ပြောင်းသွားတဲ့ ဖြစ်စဉ်ဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ပန်းခြံရဲ့ Facebook မှာ ရေးသားထားပါတယ်။

“သဘာဝဖြစ်စဉ်တစ်ခုအနေနဲ့ ဆားဓာတ်အရမ်းများပြားတဲ့အခြေအနေ၊ အပူချိန်မြင့်မားမှု၊ နေရောင်နဲ့ မိုးခေါင်မှုတွေကြောင့် ဒီလိုမျိုး အရောင်ပြောင်းသွားတာပါ။ ဆားထဲမှာ မှိုဓာတ်တွေပါဝင်လာပြီး အနီရောင်ဖြစ်စေတဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှတ်တာကြောင့် အခုလို အရောင်ပြောင်းသွားရခြင်း ဖြစ်ပါတယ်” လို့ ဗစ်တိုးရီးယားပန်းခြံ Facebook မှာ ရေးသားထားပါတယ်။

ဒီအတွက် ကန်ရေကို သောက်သုံးခြင်းမပြုလုပ်ဖို့အတွက်လည်း လာရောက်လည်ပတ်သူတွေကို သတိပေးထားခဲ့ပါတယ်။ “ကြည့်ရှုကြပါ၊ ဒါပေမယ့် အကြံပြုလိုတာကတော့ ရေနဲ့ မထိမိဖို့ အတတ်နိုင်ဆုံးနေကြပါ၊ လာမယ့် ရာသီဥတုအေးမြပြီး၊ မိုးရွာသွန်းမှုတိုးပွားမယ့် ဆောင်းတွင်းကြရင် သာမန်အရောင်ပြန်ဖြစ်သွားဖို့ မျှော်လင့်ရပါတယ်” လို့ ဆိုပါတယ်။

U Min Thant

#knowledge.thithtoolwin.com


Ref: UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment