Powered by Blogger.

သက်ကြီးရွယ်အို အဘွားနှစ်ဦးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ငါးနှစ်အရွှယ်သမီးလေး


ငါးနှစ်သားဆိုတဲ့အရွှယ်က အရမ်းကိုနုနယ်သေးပြီး မူကြိုဖြစ်ဖြစ် မူလတန်းကျောင်းဖြစ်ဖြစ် တက်ရင်တက် ဒါမှမဟုတ် ဆော့ကစားနေရမယ့် အရွှယ်ဖြစ်ပါတယ်။ ဒါပေမယ့် ငါးနှစ်သမီးလေးဖြစ်သူ Anna Wang ကတော့ ဒါတွေလုပ်ဖို့ ဆန္ဒမရှိပဲ သူရဲ့အဘွားဖြစ်သူနဲ့ အဘွားရဲ့အမေဖြစ်သူတို့ကိုသာ ခြေစုပ်လက်နယ်ပြုပေးဖို့ စိတ်ဆန္ဒရှိနေသူဖြစ်ပါတယ်။

တကယ်တမ်းကျတော့ Anna လေးရဲ့ဘဝဟာ အရမ်းသနားစရာကောင်းပါတယ်။ သူမ လူ့လောကကို စတင်ရောက်ရှိလာချိန် သုံးလခန့်မှာပဲ ဖခင်ဖြစ်သူက အမှုတစ်ခုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရပြီး မိခင်ဖြစ်သူကလည်း နောက်အိမ်ထောင်ပြုကာ Anna လေးကို စွန့်ပစ်သွားခဲ့ပါတယ်။ Anna ရဲ့ မိခင်ဟာ သူမအဘွားတွေ နေထိုင်ရာ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတွေမှာ Anna ကို စွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Anna ကို သူမရဲ့အဘွားတွေက ထိန်းသိမ်းစောင့်ရှောက်ထားလိုက်ပါတယ်။

 တဖြည်းဖြည်းနဲ့ အသက်နည်းနည်းကြီးလာတဲ့အခါမှာတော့ Anna လေးက သူမအဘွားတွေရဲ့ ကျေးဇူးတရားကို နားလည်သဘောပေါက်လာခဲ့ပြီး အဘွားတွေရဲ့ ဝေယျာဝစ္စကိစ္စအရပ်ရပ်တွေကို ကူညီစောင့်ရှောက်ပေးလာပါတော့တယ်။ Anna ဟာ အဘွားတွေအတွက် ထမင်းချက်ပြုတ်ပေးခြင်း ၊ အိမ်သန့်ရှင်းရေးလုပ်ပေးခြင်း ၊ အသီးအရွှက်တွေ လိုက်ခူးပေးခြင်းနဲ့ အိမ်သာများသန့်ရှင်းပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာများကို အသက်အရွှယ်နဲ့မလိုက်အောင် ပြုလုပ်ပေးလာခဲ့ပါတယ်။

မိဘတွေနဲ့ဝေးရာမှာ ကိုယ့်ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေခဲ့တဲ့ အဘွားတွေရဲ့  ကျေးဇူးကိုပြန်လည်ဆပ်ပေးနိုင်တဲ့ Anna လေးရဲ့ အပြုအမှုတွေဟာ နမူနာယူသင့်ထိုက်ပါတယ်။

အဘွားတွေအပေါ် အခုလိုကျေးဇူးသိတတ်နေရခြင်းက အဘွားတွေကို ကျန်းကျန်းမာမာရှိနေစေချင်လို့ပါလို့ ပြောဆိုခဲ့တဲ့ Anna လေးဟာ သူ့မိဘနဲ့ပတ်သက်ပြီး သူမှာရှိတဲ့ အမှတ်တရဆိုလို့ ဖခင်ဖြစ်သူရဲ့ဓါတ်ပုံတစ်ပုံသာရှိပါတယ်။


မိဘကိုသတိရတိုင်း ဖခင်ဓါတ်ပုံကိုသာ ထုတ်ထုတ်ကြည့်ပြီး ငိုကြွေးနေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူ့လောကကြီးထဲမှာ Anna လို မိဘရဲ့စွန့်ပစ်ခံရတဲ့ ကလေးတွေနည်းပါးလာပြီး Anna လို ကျေးဇူးတရားကို အသက်ငယ်ငယ်လေးနဲ့ပင် သိတတ်တဲ့ ကလေးသူငယ်များ ပိုမိုတိုးပွားလာနိုင်ပါစေလို့ ဆုတောင်းမိလိုက်ပါတော့တယ်ခင်ဗျာ။




VitamiN

#knowledge.thithtoolwin.com

Ref : Bored Panda
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment