Powered by Blogger.

တရုတ်နိုင်ငံအတွင်းမှာ တူးဖော်ရရှိခဲ့တဲ့ ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းများ


 နှစ်သန်းပေါင်းခုနှစ်ဆယ်လောက် ကြာမြင့်နေပြီဖြစ်တဲ့ ရှေးခေတ်ဒိုင်နိုဆောသတ္တဝါကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဥကြီးများကို တရုတ်နိုင်ငံတောင်ပိုင်းဒေသက Foshan မြို့နားမှာ တူးဖော်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

 အခြေအနေကောင်းနေသေးတဲ့ ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းများကို မြေပြင်ကနေ ရှစ်ပေလောက်အထိ အကွာအဝေးမှာရှိတဲ့ အနီရောင်သဲကျောက်တွေမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သုတေသန ပညာရှင်များရဲ့ လေ့လာသုံးသပ်ချက်အရ အဆိုပါ ဒိုင်နိုဆောဥများဟာ Cretaceous ခေတ်ကာလတုန်းက တည်ရှိခဲ့တဲ့ အရွှက်စား ဒိုင်နိုဆောများရဲ့ဥဖြစ်မယ်လို့ သိရှိရပါတယ်။ Guangdong ရှေးဟောင်းသုတေသနဌာနရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Qiu Licheng က သူတို့အဖွဲ့အနေနဲ့ မြေအောက်ကနေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ဒိုင်နိုဆောဥငါးလုံးကို တွေ့ရှိခဲ့ရတာဖြစ်ပြီး သုံးလုံးက ပျက်ဆီးနေပြီဖြစ်ပေမယ့် မြင်ရတွေ့ရနိုင်သေးတဲ့ အခြေအနေရှိကြောင်းနဲ့ ဥနှစ်လုံးကတော့ ကျောက်တုံးပေါ်မှာ တံဆိပ်စွဲထင်နေခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

 အဆိုပါ အရွှက်စားဒိုင်နိုဆောတွေရဲ့ဥများဟာ လုံးဝန်းတဲ့ပုံသဏ္ဍန်ရှိပါတယ်။ ဒီလို သမိုင်းမတိုင်ခင်က တည်ရှိခဲ့ကြတဲ့ ဒိုင်နိုဆောဥကြီးများကို Foshan ဒေသမှာ အများဆုံးတွေ့ရှိရလေ့ရှိပါတယ်။ ဒါကြောင့် ထိုဒေသကို သတ္တုအများအပြား တူးဖော်ရရှိရာ နေရာဒေသတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့အပြင် သမိုင်းတစ်ခေတ်ကို ထင်ဟပ်စေနိုင်မယ့် ကျောက်ဖြစ်ရုပ်ကြွင်းများကို အများဆုံးတူးဖော်ရရှိရာ နေရာတစ်ခုအဖြစ်လည်း သတ်မှတိထားလျက် ရှိနေပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com


Ref: Unexplained
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment