Powered by Blogger.

နာရီပေါင်းငါးဆယ်ကြာ Kiss ပေးနိုင်ခဲ့တာကြောင့် ကားအသစ်တစ်စီးကို ပိုင်ဆိုင်ခွင့်ရခဲ့သူ


 အသက်သုံးဆယ်အရွှယ်ရှိ တက္ကဆက်ပြည်နယ်သူ Dilini Jayasuriya ဟာ Kiss A KIA ပြိုင်ပွဲမှာ ကားတစ်စီးကို နာရီပေါင်းငါးဆယ်ကျော်ကြာတဲ့အထိ နမ်းနိုင်ခဲ့တဲ့အတွက် ၂၀၁၇ခုနှစ်ထုတ် KIA Optima LX ကားသစ်တစ်စီးကို ပိုင်ဆိုင်သွားခဲ့ရပြီပဲဖြစ်ပါတယ်။

 iHeart radio station 96.7 KISS FM မှ ကြီးမှူးကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်များဟာ ကားတစ်စီးကို နာရီငါးဆယ်အထိ အဆက်မပြတ် နမ်းပေးရမှာဖြစ်ပြီး ဒီလိုနမ်းနိုင်တဲ့သူ KIA ကားကုမ္မဏီက ထုတ်လုပ်ထားတဲ့ KIA Optima LX နောက်ဆုံးပေါ် ကားအသစ်တစ်စီးကို ဆွတ်ခူးရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းများကတော့ ပြိုင်ပွဲဝင်များအနေနဲ့ တစ်နာရီနမ်းပြီးတိုင်းမှာ ဆယ်မိနစ်ခန့် အနားယူနိုင်မှာဖြစ်ပြီး နာရီငါးဆယ်အထိ နမ်းနိုင်ခဲ့သူ တစ်ဦးထက်ပိုမိုခဲ့ပါက ကံထူးသူကို မဲနှိုက်ပြီး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Kiss A KIA ပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း နှစ်ဆယ်ကျော်က လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 ပြိုင်ပွဲကို တနင်းလာနေ့ မနက်ကနေ စတင်ယှဉ်ပြိုင်ခဲ့ပြီး တနင်းလာနေ့ ညနေမှာတော့ ပြိုင်ပွဲဝင်ငါးယောက်ဟာ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။ နောက်တစ်ရက် အင်္ဂါနေ့ နေ့လည်ခင်းအချိန်မှာတော့ ကားကို ဆက်လက်နမ်းနိုင်သူဦးရေဟာ ဆယ့်တစ်ယောက်သာ ကျန်ရှိပါတော့တယ်။ ပြိုင်ပွဲစည်းကမ်းအရ နာရီငါးဆယ်ပြည့်မြောက်မယ့် ဗုဒ္ဓဟူးနေ့မနက် ကိုးနာရီအရောက်မှာတော့ ကားကိုနမ်းနေခဲ့သူဦးရေ ခုနှစ်ယောက်အထိကို ကျန်ရှိနေခဲ့ပါတယ်။ ပြိုင်ပွဲမှာက တစ်ဦးတစ်ယောက်တည်းကိုသာ ကားလက်ဆောင်ပေးသွားမှာဖြစ်လို့ ကံထူးရှင်ဖြစ်မယ့်သူကို မဲနှိုက်ပေးခဲ့ရာ Dilini Jayasuriya ဆိုသူ အမျိုးသမီးတစ်ဦးက ကံထူးရှင်ဖြစ်သွားပြီး KIA Optima LX ကားအသစ်ကို အိမ်ကိုယူဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။

 ဒီလို ကားကိုနမ်းရတဲ့ ပြိုင်ပွဲမျိုးဟာ ပထမဆုံးမဟုတ်ပဲ ယခင်ကတည်းက ရှိခဲ့ဖူးတာဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်တုန်းက တရုတ်နိုင်ငံအတွင်းမှာ အလားတူပြိုင်ပွဲမျိုးကို ယှဉ်ပြိုင်ဖူးခဲ့ပြီး ၂၀၁၂ခုနှစ်တုန်းက ပုံစံတူပြိုင်ပွဲမျိုးကို ကျင်းပခဲ့ကာ နာရီခုနှစ်ဆယ်အထိ ကားကိုနမ်းခိုင်းတဲ့ စည်းမျဉ်းနဲ့ ယှဉ်ပြိုင်ခိုင်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment