မိခင်ဖြစ်သူရဲ့အသက်ကို ရဲရင့်စွာ ကယ်တင်ပေးနိုင်ခဲ့တဲ့ ငါးနှစ်အရွှယ် သမီးငယ်လေး
သူရဲကောင်းတိုင်းဟာ ဝတ်ရုံရှည်ကြီးတွေကို ဝတ်ဆင်ထားကြတာ မဟုတ်ပါဘူး။ အချို့သူရဲကောင်းတွေဟာ လူကောင်လည်းသေးသလို အရွှယ်လည်းတအားငယ်နေတာ အံသြဖွယ် တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာလည်း အသက်ငါးနှစ်သာရှိသေးတဲ့ ကလေးငယ်လေး သူရဲ့မိခင်ရဲ့အသက်ကို ရဲရဲဝင့်ဝင့်နဲ့ ကယ်ဆင်သွားနိုင်ခဲ့ပါတယ်။
အသက်ငါးနှစ်အရွှယ်ရှိ Allison Anderwald ဆိုတဲ့ ကလေးမလေးဟာ သူရဲ့မိခင် Tracy ရဲ့ အသက်တစ်ချောင်းကို အချိန်မီ ကယ်တင်ပေးနိုင်ခဲ့ပြီး မိခင်ရဲ့ကျေးဇူးကို ပြန်လည်ဆပ်ပေးနိုင်ခဲ့တယ်လို့ပင် သတ်မှတ်လို့ရပါတယ်။ Tracy ဟာ အိမ်အတွင်းမှာ ထားရှိထားတဲ့ မိသားစုရေကူးကန်အတွင်းမှာ ရေကူးနေရင်းနဲ့ ရုတ်တရတ် လေသင်တုံးဖြတ်သလို ဖြစ်သွားပြီး ရေမကူးခတ်နိုင်တော့ပဲ ရေကူးကန်ရဲ့အောက်ခြေကို ကျရောက်သွားခဲ့ပါတယ်။ ဒါကို သတိထားမိသွားခဲ့တဲ့ Tracy ရဲ့ သမီးလေး Allison ဟာ ရေကူးကန်ထဲကို အလျင်အမြန် ကူးခတ်သွားခဲ့ပြီး မိခင် Tracy ကိုလည်း ရေကူးကန်ရဲ့အောက်ခြေကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ထို့နောက် Tracy ကို နီးစပ်ရာ ဆေးရုံတစ်ခုကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဆေးရုံကို ရောက်ရှိသွားချိန်မှာ Tracy ဟာ လုံးဝကို အကောင်းတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ဆရာဝန်တစ်ဦးကတော့ Tracy အနေနဲ့ ရေကူးကန်အောက်ခြေမှာသာ အချိန်ခဏလောက် ဆက်ရှိနေမယ်ဆိုရင် လူ့လောကကြီးထဲကနေ ထွက်ခွာသွားနိုင်ခြေရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် Tracy ရဲ့လက်ရှိအသက်ဟာ သမီးလေး Allison ပေးခဲ့တဲ့အသက်သာ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ မိခင်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာဟာ Allison ရဲ့ ရဲရင့်လွန်းတဲ့ စိတ်နေစိတ်ထားကြောင့်ဖြစ်သလို Tracy အနေနဲ့ သမီးဖြစ်သူ Allison ကို ငယ်ငယ်လေးကတည်းက သင်ကြားပေးထားခဲ့တဲ့ အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref: Elitereaders
0 comments:
Post a Comment