မီတာတစ်ရာ တာတိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားခဲ့တဲ့ အသက်ရာကျော်ဘွားဘွား
အိုမင်းမစွမ်းဆိုတဲ့စကားကို ချေဖျက်ပြလိုက်နိုင်တဲ့ အသက်ရာကျော်ဘွားဘွားတစ်ဦးတော့ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၀၁နှစ်အရွှယ်ရှိ ဘွားဘွားတစ်ဦးဟာ မီတာတစ်ရာ တာတိုအပြေးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အသက်အရွှယ်နဲ့မလိုက်အောင် စွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသူ အသက် ၁၀၁နှစ်အရွှယ်ရှိ Man Kaur ဆိုတဲ့ အဘွားအိုတစ်ဦးဟာ Auckland မှာ ကျင်းပပြုလုပ်ခဲ့တဲ့ World Master Games ပြိုင်ပွဲမှာ ပါဝင်သွားခဲ့တာဖြစ်ပါတယ်။ Man Kaur ဟာ အသက်ရာကျော်သာ ယှဉ်ပြိုင်ရတဲ့ အားကစားပြိုင်ပွဲအတွင်း တာတိုအပြေးပြိုင်ပွဲကို ရွေးချယ်ဝင်ပြိုင်ခဲ့ရာ တစ်မိနစ်နဲ့ ၁၄မိနစ်မှာ ပန်းဝင်သွားခဲ့ပြီး ရွေတံဆိပ်ဆုကို ရရှိပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားသူ အသက်ရာကျော်ဘွားဘွား Man Kaur ဟာ အားကစားကို အသက် ၉၃နှစ် နောက်ပိုင်းမှသာ စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ရွှေတံဆိပ်ဆုပေါင်း ၁၇ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ Ms. Kaur ဟာ အသက်နဲ့မလိုက်အောင် စွမ်းဆောင်နိုင်သေးတဲ့အတွက် သူမကို အိန္ဒိယနိုင်ငံ Chandigarh မြို့ရဲ့ အံသြစရာအကောင်းဆုံး အမျိုးသမီးတစ်ဦးလို့ပါ တင်စားခေါ်ဆိုထားပါတယ်။
သူမရဲ့ခမ်းနားတဲ့ နိုင်ပွဲနဲ့ပတ်သက်ပြီး Man Kaur က " ကျွန်မ အရမ်းအရမ်းကို ပျော်ရွှင်နေရပါတယ်။ နောက်လည်း ထပ်ပြီးယှဉ်ပြိုင်နေဦးမှာပါ။ ဘယ်တော့မှ အရှုံးမပေးသွားဘူး။ နောက်ထပ်ပြိုင်ပွဲတွေမှာလည်း ကျွန်မ တတ်နိုင်သလောက် ဝင်ကစားသွားဦးမှာပါ။ အဆုံးသတ်ဆိုတာ ကျွန်မအတွက် မရှိသေးပါဘူး " လို့ Time of India သတင်းမီဒီယာကို ပြောဆိုသွားခဲ့ပါတယ်။ Man Kaur ဟာ မီတာတစ်ရာ တာတိုအပြေးပြိုင်ပွဲမှာ အနိုင်ရခဲ့တာကို မကျေနပ်နိုင်သေးပဲ မီတာနှစ်ရာ တာတိုအပြေးပြိုင်ပွဲ ၊ ဘေးရာဂရမ် လှံပစ်ပြိုင်ပွဲနဲ့ နှစ်ကီလိုဂရမ် သံလုံးပစ်ပြိုင်ပွဲတို့မှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ စီစဉ်နေပြီး ရွှေတံဆိပ်ပေါင်း နှစ်ဆယ်ပြည့်အောင် ကြိုးစားသွားဖွယ် ရှိလို့နေပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref: Metro
0 comments:
Post a Comment