Powered by Blogger.

ရည်ရွှယ်ချက်ကောင်းကောင်းနဲ့ ဖွင့်လှစ်ထားတဲ့ အမျိုးသမီးကားဝပ်ရှော့ဆိုင်



 အမေရိကန်နိုင်ငံမှာရှိတဲ့ အချို့သောကားဝပ်ရှော့တွေမှာ ဖောက်သည်မိန်းကလေးတွေကို ရိသဲ့သဲ့လုပ်ခြင်းတွေနဲ့ ရိုင်းစိုင်းစွာ ပြုမှုတတ်ခြင်းတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေကို ပြောင်းလဲလိုတဲ့ Patrice Banks  ဆိုသူ အမျိုးသမီးတစ်ဦးကတော့ အမျိုးသမီးကားဝပ်ရှော့ဆိုင်ကို ဖွင့်လှစ်သွားခဲ့ပြီး မိန်းကလေးတိုင်းကိုလည်း မော်တော်ယာဉ်နဲ့ပတ်သက်ပြီး အခြေခံဗဟုသုတတွေ သင်ကြားပေးနေလျက်ရှိပါတယ်။

 Patrice Banks ဟာ ငယ်စဉ်ကတည်းက ဘဝကိုရုန်းကန်လာရသူဖြစ်လို့ ပညာရေးမှာထူးချွန်အောင် ကြိုးစားခဲ့ပြီး တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ကို ရရှိနိုင်ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ Patrice ဟာ DuPont ကုမ္မဏီမှာ ဆယ်လူလာစိစစ်ချက်အလုပ်ကို ဆယ်စုနှစ်တစ်ခုလောက်အထိ လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ဒီအလုပ်ဟာ သူမအတွက် အတော်လေးအဆင်ပြေတယ်ဆိုပေမယ့် သူမရဲ့ရည်မှန်းချက်နဲ့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Patrice ဟာ ကိုယ်ပိုင်ကားဝပ်ရှော့တစ်ခုကို တည်ထောင်ချင်လို့နေပဲဖြစ်ပါတယ်။

 ဒါနဲ့ပဲ Patrice ဟာ အွန်လိုင်းပေါ်ကနေ အမျိုးသမီးတွေဖွင့်ထားတဲ့ ဝပ်ရှော့ဆိုင်တွေရှိမရှိ လေ့လာကြည့်လိုက်ရာ သူမနေထိုင်နေတဲ့ ဖီလာဒဲလ်ဖီးယားမြို့မှာ ဝပ်ရှော့ဆိုင်မရှိကြောင်းကို သတိထားမိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Patrice ဟာ နေ့ပိုင်းတွေမှာ လက်ရှိအလုပ်ကို လုပ်ကိုင်ပြီး ညပိုင်းတွေမှာတော့ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းတဲ့သင်တန်းတွေကို လိုက်လံတတ်ပါတော့တယ်။ သင်တန်းကနေ အောင်လက်မှတ်တွေရရှိပြီးနောက်မှာတော့ Patrice ဟာ Girls Auto Clinic ဆိုတဲ့ အမျိုးသမီးကားဝပ်ရှော့ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

 Patrice ဟာ ကားဝပ်ရှော့မှာ အမျိုးသမီးဖောက်သည်များအတွက် ကားပြုပြင်ပေးနေသလို ဝပ်ရှော့ကိုလာရောက်ကြတဲ့ အမျိုးသမီးတွေကိုလည်း ယာဉ်ပြုပြင်ထိန်းသိမ်းရေးအခြေခံတွေ သင်ကြားပေးနေလျက်ရှိပါတယ်။ ဒါ့အပြင် Patrice ဟာ ဝပ်ရှော့မှာ ကားလာရောက်ပြုပြင် အမျိုးသမီးဖောက်သည်တွေ ကားတွေကိုစောင့်ဆိုင်းနိုင်အောင် အလှပြင်ဆိုင်တစ်ခုကိုပါ ဖွင့်လှစ်ပေးထားပါတယ်။ Patrice အနေနဲ့ အခုလို မိန်းကလေးဝပ်ရှော့ကို ဖွင့်လှစ်ရတာဟာ အမျိုးသမီးတိုင်းအနေနဲ့ မိမိရဲ့ကားကို ဘယ်ယောကျာင်္းလေးရဲ့ အကူအညီမှမလိုပဲ လွယ်လွယ်ကူကူ ပြင်ဆင်စေနိုင်လိုတဲ့ ရည်ရွှယ်ချက်ကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment