Powered by Blogger.

ကွန်ဒုံးတွေ တပ်ဆင်အသုံးပြုထားတဲ့ ကျူးဘားဝိုင်


 လွန်ခဲ့တဲ့နှစ်ခန့်က ကျူးဘားနိုင်ငံအတွင်းမှာ ကွန်ဒုံးတွေကိုအသုံးပြုပြီး ငါးဖမ်းခဲ့ကြတာကို အချို့စာဖတ်သူတွေ မှတ်မိလိမ့်ကြမယ်လို့ ထင်ပါတယ်။ အခုလည်း ကျူးဘားနိုင်ငံအတွင်း ဝိုင်တွေကိုပြုလုပ်ရမှာ ကွန်ဒုံးတွေကိုပါ အသုံးပြုနေတယ်လို့ သိရပါတယ်။

 Orestes Estevez လို့အမည်ရတဲ့ ဝိုင်ထုပ်လုပ်သူတစ်ဦးဟာ ကျူးဘားနိုင်ငံ ဟားဗားနားမြို့မှာ သူရဲ့မိသားစုနဲ့အတူ ဝိုင်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ Orestes ဟာ သူရဲ့ဝိုင်တွေကို ထုတ်လုပ်ရမှာ အခြားဘယ်ဝိုင်လုပ်ငန်းတွေမှာမှ အသုံးမပြုတတ်ကြတဲ့ ပစ္စည်းတစ်မျိုးကို ထည့်သွင်းအသုံးပြုနေလျက်ရှိပါတယ်။ အဲ့ဒါကတော့ ကွန်ဒုံးပဲဖြစ်ပါတယ်။ Orestes ဟာ ဝိုင်လုပ်ဖို့အတွက် ဖန်ခရားထဲကို စပျစ်သီးတွေ ဂျင်းတွေနဲ့ ခေါင်ရန်းတွေ ထည့်သွင်းပြီးသွာပြီဆိုတာနဲ့ ဖန်ခရားရဲ့အဝမှာ ကွန်ဒုံးတစ်ခုကို တပ်ဆင်လိုက်တာပဲဖြစ်ပါတယ်။

 အသက် ၆၅နှစ်အရွှယ်ရှိပြီဖြစ်တဲ့ Orestes ဟာ နိုင်ငံအတွင်း ဝိုင်လုပ်ငန်းကို ခွင့်ပြုခဲ့တဲ့ ၂၀၀၀ပြည့်နှစ်ကတည်းက စတင်ပြီး ဝိုင်ထုတ်လုပ်မှုများကို ပြုလုပ်ခဲ့ရာ အခုဆိုရင် တစ်နှစ်အတွင်း ဝန်ပုလင်းကို ဂါလန်ထောင်ချီရောင်းချနေနိုင်ပါတယ်။ Orestes ရယ် သူ့ဇနီးရယ်နဲ့ Orestes ရဲ့ လက်ထောက်တွေရယ် နေ့စဉ်နေ့တိုင်း လီတာနှစ်ဆယ်ရှိတဲ့ ဝိုင်ခရားသုံးရာကနေ ဝိုင်တွေထွက်ရှိဖို့အတွက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဝိုင်အတွင်း လိုအပ်တဲ့ပစ္စည်းတွေ ထည့်သွင်းပြီးပြီဆိုရင်တော့ ပုလင်းရဲ့အဝတွေမှာ ကွန်ဒုံးတစ်ခုဆီကို လိုက်လံဆပ်တင်ရပါတယ်။

 ဒီလိုတပ်ဆင်ရခြင်းဟာ ဝိုင်ခရားအတွင် ရောနှောထားတဲ့ အသီးတွေကနေ အချဉ်ပေါက်လာစေဖိုနဲ့ အချဉ်ပေါက်သွားတဲ့အခါ တပ်ဆင်ထားတဲ့ ကွန်ဒုံးကနေ လေတဖြည်းဖြည်းဖောင်းလာပြီး ကွန်ဒုံးမှာလေအပြည့်ဖောင်းလွန်းပြီး ပေါက်ထွက်ပြီဆိုပါက အချဉ်ပေါက်ခြင်းလုပ်ငန်း အပြီးသတ်သွားတာကို သိရှိစေဖို့အတွက်ဖြစ်ပါတယ်။ ဒီလို အချဉ်ပေါက်တာ ပြီးမြောက်သွားရင်တော့ ဒီဝိုင်ကို သောက်သုံးလို့ရပြီဖြစ်ပါတယ်။ အချဉ်ပေါက်ဖို့အတွက် တစ်လခွဲဝန်းကျင်လောက် စောင့်ဆိုင်းရတတ်လို့ သိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment