Powered by Blogger.

အမျိုးသမီးတစ်ဦးရေကူးနေတုန်း ငါးမန်းတစ်ကောင်ကပ်လာတာကို ဒရုန်းနဲ့မှတ်တမ်းတင်နိုင်ခဲ့


ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးဟာ သူ့ချစ်သူ မိန်းကလေး ရေကူးနေတာကို ဒရုန်းတစ်စင်းနဲ့ ဗီဒီယိုရိုက်နေတုန်းမှာ ငါးမန်းတစ်ကောင်ပေါ်လာပြီး အမျိုးသမီးကို လှမ်းဟပ်ဖို့လုပ်သွားတာကြောင့် ထိတ်လန့်ခဲ့ရပါတယ်။David Diez လို့ခေါ်တဲ့ Instagram အသုံးပြုသူတစ်ဦးဟာ သူ့ကောင်မလေးရဲ့ Snorkling ပစ္စည်းတွေဝတ်ဆင်ပြီး West Palm Beach မှာ ရေကူးတဲ့ပုံစံကို မှတ်တမ်းတင်လိုတာကြောင့်ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရိုက်ကူးခဲ့တာပါ။

အဲ့လို ရိုက်ကူးနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ငါးမန်းငယ်တစ်ကောင်ဟာ အမျိုးသမီးနားကို ပေါ်လာပြီး ချက်ချင်းပဲ ပြန်ပျောက်လည် ကူးသန်းပျောက်ကွယ်သွားခဲ့ပါတယ်။
“ကျွန်တော်ထင်တာကတော့ ငါးမန်းဟာ သူ့ရေကူး Fins တွေကို ငါးတစ်ကောင်အထင်နဲ့ ကပ်လာပြီး အနားရောက်မှာ လူမှန်းသိသွားတော့ ချက်ချင်း ပြန်ပြေးသွားပုံပါပဲ။ ရေနောက်နေတာဟာ ငါးမန်းရဲ့ အမြင်ကို ရှုပ်ထွေးသွားစေတာဖြစ်နိုင်ပါတယ်” လို့ Instagram မှာ ရေးထားပါတယ်။ ဗီဒီယိုကိုအောက်မှာ ကြည့်နိုင်ပါတယ်။
Link >> https://youtu.be/lNV1KwOyBxc <<

ဖလော်ရီဒါ ကမ်းခြေတွေဟာ ငါးမန်းပေါတဲ့ နေရာတွေအဖြစ် ကျော်ကြားပြီး ဟိုတစ်လောကလည်း ဒီလိုဖြစ်ရပ်မျိုး ခပ်ဆင်ဆင်ပုံစံနဲ့ လူတစ်ဦး ရေကူးနေတာကို ငါးမန်းကြီးတစ်ကောင် ကပ်လာတာကို ဒရုန်းနဲ့ ရိုက်ကူးနိုင်ခဲ့လို့လည်း အားလုံးအံ့သြခဲ့ကြရပါသေးတယ်။


  U Min Thant

#knowledge.thithtoolwin.com

Ref: UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment