Powered by Blogger.

မြေးငယ်လက်ဆောင်ပေးထားတဲ့ တန်ဖိုးကြီးအိတ်ကို ငါးတွေထည့်ပြီးသယ်နေမိတဲ့ အဘွားအို


 ကျွန်တော်တို့တွေဟာ ကျွန်တော်ချစ်ရတဲ့ ကျွန်တော်တို့တန်ဖိုးထားရတဲ့ လူတွေအတွက် အကောင်းဆုံးတွေကို လုပ်ပေးချင်ပါတယ်။ ထိုင်ဝမ်ကလူငယ်လေးတစ်ဦးကလည်း ဒီလိုပါပဲ။ သူအရမ်းချစ်ရတဲ့ အဘွားအတွက် ဒေါ်လာတစ်ထောင်ဝန်းကျင်ရှိတဲ့ လက်ကိုင်အိတ်လေးတစ်လုံးကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူမမျှော်လင့်ထားတဲ့အရာတွေကတော့ အဘွားကိုလက်ဆောင်ပေးပြီးနောက်ပိုင်းမှာ တွေ့မြင်လာခဲ့ရပါတယ်။

 တရုတ်နိုင်ငံက လူငယ်လေးတစ်ဦးဟာ သူအရမ်းချစ်ရတဲ့ အဘွားမှာ နေ့စဉ်နေ့တိုင်း လက်ကိုင်အိတ်အဟောင်းလေးတစ်လုံးကို အချိန်တော်တော်ကြာကြာ သုံးနေခဲ့တာကို သတိထားမိသွားပြီး အဘွားအတွက် လက်ကိုင်အိတ်အသစ်တစ်လုံးလောက် လက်ဆောင်ပေးဖို့ စိတ်ကူးပေါက်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ အမေရိကန်ဒေါ်လာ ၁၁၅၄ တန်ဖိုးရှိတဲ့ Louis Vuitton လက်ကိုင်အိတ်လေးတစ်လုံး ဝယ်ယူပြီး သူရဲ့အဘွားဖြစ်သူကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ လူငယ်လေးရဲ့အဘွား လက်ဆောင်ရတဲ့ တန်ဖိုးကြီးလက်ကိုင်အိတ်ကို ကုန်ပစ္စည်းတွေနဲ့ ငါးတွေသယ်ယူဖို့ အသုံးပြုနေတာ အံအားသင့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။

 အဘွားဖြစ်သူက သူရဲ့မြေးငယ်လေးကို ခိုင်ခံ့ပြီး ရေစိုခံတဲ့ လက်ကိုင်အိတ်ကို ဝယ်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။ လူငယ်လေးမှာလည်း သူလက်ဆောင်ပေးတဲ့အိတ်က တန်ဖိုးကြီးမားပြီး အခြားတန်ဖိုးကြီးပစ္စည်းတွေကိုသာ ထည့်သွင်းသင့်တာလို့ ပြောချင်ပေမယ့် သူ့အဘွားရဲ့အပျော်ကို မဖျက်စေလိုတာကြောင့် ဘာမှမပြောတော့ပဲ နောက်တစ်ခါ ငါးသွားဝယ်တဲ့အခါမှာ သူ့ကိုပါတစ်ပါးတည်းခေါ်သွားဖို့ သူ့အဘွားဖြစ်သူကို ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ကြည့်ခြင်းအားဖြင့် လူငယ်လေးဘက်ကနေ သူရဲ့အဘွားကို ပေးခဲ့တဲ့လက်ဆောင်ဟာ လက်ကိုင်အိတ်တန်ဖိုးထက်ကို ပိုမိုတန်ဖိုးကြီးမားနေကြောင်း သိမြင်ခံစားရမိပါတယ်ခင်ဗျာ။

VitamiN

#knoeledge.thithtoolwin.com

Ref: Elitereaders

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment