Powered by Blogger.

ဘရစ်တနီစပီးယားစ်ရဲ့ ဖျော်ဖြေပွဲကြောင့် နောက်တစ်ရက်ဆုတ်လိုက်ရတဲ့ အစ္စရေးနိုင်ငံက ရွေးကောက်ပွဲတစ်ခု


 အစ္စရေးနိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်မယ့် နိုင်ငံရေးပါတီတစ်ခုရဲ့ ရွေးကောက်ပွဲကို ကမ္ဘာကျော် ပေါ့ပ်အဆိုတော်ကြီး ဘရစ်တနီစပီယားစ်ရဲ့ ဖျော်ဖြေပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရှိရပါတယ်။

 ဒါဟာ ကမ္ဘာကျော်ပေါ့ပ်ဆိုတော်မကြီး ဘရစ်တနီစပီးယားစ်အနေနဲ့ အစ္စရေးနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေခြင်းဖြစ်ပြီး ဇူလိုင်လ ၃ရက်နေ့ တဲလ်အဲဗစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်တိုင်ဆိုင်ဆိုင်ဆိုသလိုပဲ ဇူလိုင်လ ၃ရက်နေ့မှာ အစ္စရေးနိုင်ငံအတွင်း လေဘာပါတီရဲ့ ခေါင်းဆောင်သစ်ရွေးကောက်တင်မြှောက်မယ့် ရွေးကောက်ပွဲကလည်း ရှိလို့နေပါတယ်။ ဒါပေမယ့် လေဘာပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဲ့ဒီနေ့မှာ ကြီးကျယ်ခမ်းနားတဲ့ ဖျော်ဖြေတစ်ခုရှိနေတာကြောင့် ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အားပိုင်းမှာ အားနည်းချက်တွေ ရှိလာနိုင်တာကြောင့် ရွေးကောက်ပွဲကိုသာ နောက်တစ်ရက်ဆုတ်လိုက်ရတာဖြစ်ကြောင်း Time of Israel သတင်းစာကို ပြောဆိုသွားခဲ့ပါတယ်။

 ဒါ့အပြင် အခုလို ဘရစ်တနီစပီယားစ်ရဲ့ ဖျော်ဖြေပွဲနဲ့ အတိုက်မခံပဲ ရက်ရွှေ့လိုက်ရခြင်းဟာ ပြည်သူလူထုများအနေနဲ့ မဲဆန္ဒလာရောက် ပေးတဲ့အခါမှာ မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်ပေါ်နိုင်ဖို့အတွက် ရည်ရွှယ်တယ်လို့လည်း ပြောဆိုပါတယ်။ သို့ပေမယ့် လေဘာပါတီရဲ့ ပြောဆိုချက်အတွင်းမှာ တဲလ်အဲဗစ်မြို့ ယာကွန်ပန်းခြံအတွင်း ပြုလုပ်သွားမယ့် ဖျော်ဖြေပွဲလို့သာ သုံးနှုန်းပြောဆိုသွားခဲ့ပြီး ဘရစ်တနီစပီးယားစ်နာမည်ကိုတော့ သုံးစွဲပြောဆိုသွားခြင်း မရှိခဲ့ပါဘူးခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment