Powered by Blogger.

အိန္ဒိယနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ တောတွင်းသူ ကလေးငယ်လေး


 တောနက်ကြီးထဲမှာ တောရိုင်းတိရစ္ဆာန်များနဲ့ ရင်းနှီးချစ်ခင်စွာ နေထိုင်တတ်တဲ့ တောတွင်းသားလေး Mowgli ကို The Jungle Book ရုပ်ရှင်ဇာတ်ကား ကြည့်ဖူသူတိုင်း သိရှိကြမှာပါ။ သင့်အနေနဲ့ Mowgli လို ကလေးငယ်မျိုး အပြင်မှာလုံးဝမရှိနိုင်ဘူးလို့ ထင်ရင်တော့ သင်ရဲ့အထင်ဟာ မှားယွင်းသွားပါပြီ။ Mowgli လို ကလေးမျိုး တကယ်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ Mowgli လို ယောကျာင်္းလေးတစ်ယောက်မဟုတ်ပဲ မိန်းကလေးတစ်ယောက် ဖြစ်လို့နေပါတယ်။

 အသက်ရှစ်နှစ်အရွှယ်သာရှိသေးတဲ့ တောတွင်းသူ ကလေးငယ်မလေးကို လူသူမရှိတဲ့ တောတွင်းတစ်နေရာကနေ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိလာခဲ့ကြတာဖြစ်ပါတယ်။ Mowgli ကောင်မလေးလို့ တင်စားခေါ်ဆိုထားတဲ့ ဒီကလေးမလေးကို စတင်တွေ့ရှိတုန်းက မျောက်များစွာနဲ့ အတူနေထိုင်နေပြီး မျောက်တွေအတိုင်း သွားလာလှုပ်ရှားနေတာကိုပါ တွေ့မြင်ခဲ့ရပါတယ်။ လူတစ်ယောက်လို စကားမပြောဆိုတတ် လမ်းမလျှောက်တတ်ပဲ လေးဖက်ထောက်သာ သွားလာနေတတ်တဲ့ ကလေးမလေးရဲ့ အပြုအမှုနဲ့ အဖြစ်အပျက်တွေအားလုံးဟာ The Jungle Book ထဲက ဇာတ်ကောင် Mowgli ရဲ့အကြောင်းနဲ့ အတော်လေး တိုက်ဆိုင်နေတာကို အံ့အားသင့်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။ လတ်တလောမှာတော့ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ သူမရဲ့အကြောင်းအသေးစိတ်ကို စုံစမ်းစစ်ဆေးနေလျက်ရှိပါတယ်။

 ကလေးမလေးကို ဆေးကုသပေးခဲ့တဲ့ ဆရာဝန်ရဲ့ပြောဆိုချက်အရ ဒီကလေးလေးမှာ စိတ်ဆိုးလွယ်တတ်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေပြီး လူတွေနဲ့လည်း သဃဇာတဖြစ်ဖို့ မလွယ်သေးကြောင်း သိရပါတယ်။ ကလေးငယ်လေးကို လူတစ်ဦးလို လမ်းကောင်းကောင်းလျှောက်တတ်ဖို့ သင်ကြားပေးနေသော်လည်း အခုထက်ထိတော့ လေးဖက်ထောက်သာ သွားလာနေဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်နေလျက် ရှိပါတယ်ခင်ဗျာ။

VitamiN

#knoeledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment