Powered by Blogger.

ကမ္ဘာ့အသက်အကြီးဆုံး ရိုလာကိုစတာစီးနှင်းသူ


 အသက် ၁၀၅နှစ်အရွှယ်ရှိ ဗြိတိန်အဘိုးကြီးတစ်ဦးဟာ အသက်ရာကျော်နေပြီဖြစ်တဲ့ သူရဲ့မွေးနေ့မှာ စိတ်လှုပ်ရှားစရာများကို ဖန်တီးလိုတဲ့အနေနဲ့ ရိုလာကိုစတာ လိုက်ပါစီးနှင်းသွားခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး ရိုလာကိုစတာစီးနှင်သူအဖြစ်ပါ မှတ်တမ်းတင်ခံလိုက်ရပါတယ်။

 Jack Reynolds အမည်ရှိ အသက်ရာကျော် ဘိုးဘိုးကြီးတစ်ဦးဟာ Good Morning Britain ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်လာရင်း သူရဲ့မွေးနေ့အမှတ်တရအဖြစ် ကမ္ဘာ့အသက်ကြီးဆုံး ရိုလာကိုစတာစီးနှင်းသူဖြစ်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ အသက်အရွှယ်အရ အင်အားချီနဲ့နေပြီလို့ ထင်ရပေမယ့် Jack Reynolds ဘိုးဘိုးကတော့ အကြောက်အလန့်မရှိပဲ ရိုလာကိုစတာကို စီးနင်းသွားခဲ့ပြီး ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့ပါတယ်။ ရိုလာကိုစတာ စီးနင်းအပြီးမှာတော့ အသက် ၅၆နှစ်အရွှယ်ရှိ Jack Reynolds ရဲ့ သမီး Jayne က မွေးနေ့ကိတ်ကို သယ်ယူလာပေးခဲ့ပါတယ်။ ဒီအမှတ်တရလေးတွေနဲ့ပတ်သက်ပြီး Jack က “ကျွန်တော် အေးဆေးပါပဲ။ နောက်ထပ်တောင်စီးလို့ရပါသေးတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

 ကမ္ဘာ့စံချိန်တင်လို့ ရရှိလာခဲ့တဲ့ ဆုကြေးများကို Jack က အရေးပေါ်ပရဟိတအသင်းများအတွက် ဝင်ရောက်လှူဒါန်းပေးသွားခဲ့ပါတယ်။ အခုလို အသက်ရာကျော်တဲ့အထိ ကျန်းကျန်းမာမာရှိနေဆဲဖြစ်တဲ့ ဘိုးဘိုးကြီး Jack ဟာ သူရဲ့ ၁၀၄နှစ်ပြည့် မွေးနေ့တုန်းကလည်း ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး တတ်တူးထိုးသူအဖြစ်နဲ့ ဂင်းနစ်စံချိန်တစ်ခုတင်နိုင်အောင် ကြိုးစားခဲ့ပါသေးတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment