Powered by Blogger.

အတွင်းခံတွေကို ခိုးယူပြီး ထူးထူးခြားခြားအမှုအကျင့်ရှိနေတဲ့ ကြောင်လေး



 အိမ်မှာမွေးထားတဲ့ ကြောင်တွေကို ကြောင်အိမ်ထဲက ဟင်းတွေသာ ခိုးစားတတ်လေ့ရှိတဲ့ သင်ထင်ရင် မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နော်ဝေးနိုင်ငံက ကြောင်လေးတစ်ကောင်ဟာ စားသောက်ဖွယ်ရာများထက် လူတွေဝတ်ဆင်တတ်ကြတဲ့ အတွင်းခံများကို ခိုးယူနေခြင်းသာ သဘောကျနေလို့ပဲဖြစ်ပါတယ်။

 လေးနှစ်သားအရွှယ်ရှိပြီဖြစ်တဲ့ နော်ဝေးနိုင်ငံက ကြောင်လေးတစ်ကောင်ဟာ သူ့ပိုင်ရှင်ရဲ့ အိမ်နီးနားချင်းတွေဆီကနေ အတွင်းခံများကို ခိုးယူနေခဲ့တာဟာ လအတော်ကြာပြီဖြစ်တဲ့ အတွင်းခံပေါင်းနှစ်ဆယ်ကျော်ကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။ နော်ဝေးကျေးလက်ကြောင် အမျိုးအစားဖြစ်တဲ့ အတွင်းခံသူခိုး ကြောင်လေးဟာ အိမ်နီးနားချင်းတွေ လျှော်ဖွပ်ပြီး လှမ်းထားတဲ့ ယောကျာင်္းဝတ်ဘောင်းဘီတို ၊ ခြေအိတ်များ ၊ ဘရာစီယာ ၊ မိန်းမဝတ်နိုင်လွန်အတွင်းခံနဲ့ ကလေးအနှီးတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကြောင်လေးရဲ့ပိုင်ရှင်ဖြစ်သူက သူ့ကြောင်လေးရဲ့ ထူးခြားတဲ့ အမှုအကျင့်အကြောင်း အိမ်နီးနားချင်းတွေကို သတိထားပေးရပါတယ်။ ကြောင်လေးဟာ လွန်ခဲ့တဲ့ နွေရာသီလောက်ကမှစတင်ပြီး သူစိမ်းတွေ အိမ်နီးနားချင်းတွေကနေ အတွင်းခံတွေကို ခိုးယူခဲ့တာဖြစ်ပြီး ဆောင်းရာသီခန့်လောက်မှ ခိုးယူခြင်းကို ရပ်နားခဲ့လိုက်တယ်လို့ ကြောင်ပိုင်ရှင်က ပြောပါတယ်။

 ဒီကြောင်လေးအနေနဲ့ တစ်ခါတစ်ရံမှာ သူခိုးယူလာတတ်တဲ့ အတွင်းခံပစ္စည်းများကို သူရဲ့ပိုင်ရှင်ဆီ ယူဆောင်လာတတ်မို့ ပစ္စည်းပိုင်ရှင်များရဲ့ အထင်လွဲစရာဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် ကြောင်ပိုင်ရှင်က သူရဲ့အိမ်နီးနားချင်းတွေအနေနဲ့ အတွင်းခံဘောင်းဘီများ ပျောက်ဆုံးနေမယ်ဆိုရင် သူ့ဆီကို အရင်ဆုံးလာရောက်မေးမြန်းကြဖို့ကို တိုက်တွန်းထားခဲ့ရပါတယ်ခင်ဗျာ။

VitamiN



#knowledge.thithtoolwin.com


Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment