Powered by Blogger.

အလုပ်ကို စက်ဘီးစီးနင်းသွားသူများမှာ ကင်ဆာနဲ့နှလုံးရောဂါဖြစ်ပွားမှု ထက်ဝက်ခန့်ကို လျှော့ချနိုင်


 ယနေ့ခေတ်လို မော်တော်ကားပေါများတဲ့အချိန်မှာ အလုပ်ကို စက်ဘီးစီးနင်းသွားတာ တကယ်ကိုကောင်းမွန်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း ရှောင်ရှားနိုင်သလို အသက်အန္တရာယ်ကို အခြိမ်းခြောက်နိုင်ဆုံး ရောဂါဆိုးများဖြစ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနှုန်းမှလည်း ထက်ဝက်ခန့်ကို လျှော့ချပေးနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်မျအရ သိရှိရပါတယ်။


  လူတစ်သန်းရဲ့ လေးပုံတစ်ပုံခန့်လောက်ထဲက အလုပ်ကို စက်ဘီးစီးနင်းသွားကြသူများဟာ ကိုယ်ပိုင်ကားစီးသူများနဲ့ အခြားသယ်ယူပို့ဆောင်ရေးယာဉ် စီးနင်းကြသူများထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါဘယများ ဖြစ်ပွားမှုနှုန်းကို ၄၆ရာခိုင်နှုန်းအထိ လျှော့နည်းသွားစေနိုင်ပြီး ကင်ဆာရောဂါ ခံစားရမှုနှုန်းကိုလည်း ၄၅ရာခိုင်နှုန်းအထိ လျှော့ပါးသွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ အဆိုပါ လေ့လာချက်များကို Glasgow တက္ကသိုလ်ကနေ ငါးနှစ်တာလေ့လာခဲ့ရတာဖြစ်ပြီး စက်ဘီးစီးနင်းကြသူများဟာ ရောဂါပေါင်းစုံနဲ့ အရွှယ်မတိုင်ခင် သေဆုံးခြင်းမှ ၄၁ရာခိုင်နှုန်းလောက် ရှောင်ရှားနိုင်ခဲ့ကြောင်း တွေ့မြင်ခဲ့ရပါတယ်။ အလုပ်ကို လမ်းလျှောက်ပြီး သွားလာကြသူများဟာလည်း နှလုံးသွေးကြောရောဂါများ ဖြစ်ပွားမှုက လျှော့ချပေးနိုင်ပေမယ့် စက်ဘီးစီးနင်းသူလောက်တော့ အကျိုးကျေးဇူးသိပ်မရှိဘူးလို့ လေ့လာသူများက သုံးသပ်ထားကြပါတယ်။

 အသက်သုံးဆယ်ကျော်အရွှယ်ရှိ Adam Couzens ဆိုသူ ခြောက်မိုင်လောက်ကွာဝေးတဲ့ ဘာမင်ဂမ်မြို့က သူရဲ့အလုပ်ကို နေ့စဉ်နေ့တိုင်း စက်ဘီးစီးနင်းပြီး သွားနေသူဖြစ်ပါတယ်။ ပထမကတော့ အလွန်ကျပ်တည်းလှတဲ့ ကားလမ်းကြောတွေကို ရှောင်ရှားချင်တာကြောင့် စက်ဘီးကိုစီးနင်းခဲ့တာဖြစ်ပေမယ့် ကိုးလတာလောက် ကြာလာတဲ့အခါမှာတော့ ယခင်ကထက် ပိုမိုကျန်းမာသွက်လက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရသလို ခံစားလာရပါတယ်။ ဒါဟာ အလုပ်ကို စက်ဘီးစီးနင်းသွားသူတွေရဲ့ အကျိုးကျေးဇူးပဲဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: News Sky
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment