Powered by Blogger.

ဂင်းနစ်စံချိန်တင်သွားတဲ့ ကမ္ဘာ့အကြီးမားဆုံး ဘိလိယက်ကျူတံ



 ဘိလိယက်အားကစားနည်းကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဟာ တကယ့်ကစားပွဲမှာပါ အသုံးပြုလို့ရတဲ့ ဘိလိယက်ကျူတံကြီးကို ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့ပြီး ဂင်းနစ်စံချိန်တစ်ခုကိုပါ တင်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

 ဘိလိယက်အားကစား ပညာရှင်တစ်ဦးဖြစ်သူ ပြင်သစ်နိုင်ငံသား Florian “Venom Trickshots” Kohler ဟာ အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ၁၇ပေနဲ့ ၇.၄လက်မအရှည်ရှိတဲ့ ဘိလိယက်ကျူတံကြီးကို ပြသသွားခဲ့ရာ ဂင်းနစ်စံချိန်ကိုပါ တင်သွားနိုင်ခဲ့ပါတယ်။ အသက် ၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ Kohler ဟာ အလှပြ ဘိလိယက်ထိုးကွက်တွေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သူရဲ့ ဂင်းနစ်စံချိန်တင် ကျူတံကြီးကိုလည်း တကယ့်အသုံးပြုနေကြ ကျူတံတွေ ထုတ်လုပ်တဲ့ပုံစံအတိုင်း ဖန်တီးထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ Kohler ရဲ့ ကျူတံကြီးဟာ အရွှယ်အစားအရ တကယ့်ဘိလိယက်ပွဲမှာ ထည့်သွင်းကစားဖို့ မဖြစ်နိုင်လောက်ဘူးထင်ရပမယ့် Kohler ကတော့ ဒီကျူတံကိုသုံးပြီး ဘိလိယက်အလုံးရှစ်လုံးလောက်ကို ကျွင်းထဲဝင်အောင် ထိုးပြနိုင်ခဲ့အတွက် ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

 Kohler ဟာ ဘိလိယက်အားကစားနည်းကို အထူးတလည်ကျွမ်းကျင်သူဖြစ်ပြီး အခုလက်ရှိ ရယူနိုင်ခဲ့တဲ့ ဆုမတိုင်ခင်က ဘိလိယက်နဲ့ပတ်သက်ပြီး ဂင်းနစ်စံချိန်ငါးခုကိုပါ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ Kohler က သူရဲ့စံချိန်ကို အခြားတစ်ဦးတစ်ယောက် ရိုက်ချိုးကျော်ဖြတ်သွားခဲ့မယ်ဆိုရင် ပြန်လည်ပြီး စံချိန်သစ်တစ်ရပ်ရလာအောင် လုပ်ပြသွားဦးမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com


Ref: Odd News


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment