Powered by Blogger.

အရုပ်ကားထောင်ချီကပ်ပြီး အလှဆင်ထားတဲ့ Jaguar S-Type မော်တော်ကား



 အမြင်အာရုံကို ညိုငင့်ဖမ်းစားနိုင်စွမ်းရှိတဲ့ Jaguar S-Type ကားတစ်စီးဟာ မလေးရှားနိုင်ငံရဲ့ ကားလမ်းမထက်မှာ ပြေးလွှားမောင်းနှင်နေလျက်ရှိပါတယ်။ ကြည့်မိသူတိုင်းကို အံသြသွားစေရအောင် ဒီမော်တော်ကားက ဘာများထူးခြားနေလဲလို့ သင်တွေးမိပါလိမ့်မယ်။ ထူးခြားချက်ကတော့ ဒီမော်တော်ကားရဲ့ ပတ်ပတ်လည်မှာ အရုပ်ကားလေးထောင်ကျော်ကို တပ်ဆင်ထားလို့ပဲဖြစ်ပါတယ်။

 အရုပ်ကား ၄၆၀၀ခန့်ကို ကားရဲ့ပတ်ပတ်လည်မှာ အလှဆင်ကပ်ထားတဲ့ Jaguar S-Type  ဇိမ်ခံမှန်လုံကားကို မြင်တွေ့ခဲ့သူများက ဓါတ်ပုံရိုက်ကူးပြီး လူမှုကွန်ယက်များပေါ်မှာ ဖော်ပြခဲ့ရာ အတော်လေးကို စိတ်ဝင်တစားဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီ Jaguar S-Type ရဲ့ပိုင်ရှင်က ဘယ်သူဖြစ်သလဲ ဘာကြောင့်အခုလို အလှဆင်ထားသလဲဆိုတာကိုတော့ ဘယ်သူကမှ မသိရှိရပါဘူး။ ဒါနဲ့ပဲ Harian Metro မီဒီယာကနေ ကားပိုင်ရှင်ကို ခြေရာခံခဲ့ရာ နောက်ဆုံးမှာတော့ တွေ့ရှိသွားခဲ့ပါတယ်။

 အဆိုပါ ကားပိုင်ရှင်ဟာ အသက် ၃၄နှစ်အရွှယ်ရှိ Financial Genius Group ကုမ္မဏီရဲ့ စီးအီးအိုဖြစ်သူ Datuk Seri Mahadi Badrul Zaman ဖြစ်ပါတယ်။ Mahadi ဟာ ငယ်ငယ်လေးကတည်းက ကားတွေကို ရူးသွပ်စွဲလန်းခဲ့သူဖြစ်တာကြောင့် အသက် ၁၃နှစ်ကစပြီး အရုပ်ကားသေးသေးလေးတွေကို စတင်စုဆောင်းဖြစ်ခဲ့ရာ အခုဆို အရုပ်ကားပေါင်း ငါးထောင်ဝန်းကျင်အထိကို ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ဒီထဲကမှ က အရုပ်ကား ၄၆၀၀ကို သူပိုင်ဆိုင်ထားတဲ့ Jaguar ကားပေါ်မှာ အလှဆင်သွားခဲ့တာဖြစ်ပါတယ်။

 Mahadi ဟာ သူရဲ့ကားကို အခုလို အရုပ်ကားများနဲ့ အလှဆင်ရခြင်းက ကားကိုပိုပြီး ဖက်ရှင်ကျနစေချင်တာကြောင့် မြင်သူတိုင်း ငေးမောသွားစေချင်တာကြောင့်ဖြစ်တယ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မောင်းနင်တဲ့ကားပေါ်မှာ အရုပ်ကားတွေနဲ့ အလှဆင်ခြင်းကတော့ Mahadi က ပထမဦးဆုံးမဟုတ်ပဲ James Ford ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးမှာ ၂၀၀၈ခုနှစ်တုန်းက သူရဲ့ Ford ကားပေါ်မှာ အခုလိုပဲ အရုပ်ကားပေါင်းထောင်ချီကို အလှဆင်ကပ်ခဲ့ပြီး eBay ကနေ လေလံတင်ရောင်းချခဲ့ဖူးပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment