Powered by Blogger.

တရုတ်နိုင်ငံမှာ ပြုလုပ်ထားရှိတဲ့ နမော်နမဲ့လမ်းကူးသူများ အန္တရာယ်ကင်းစေနိုင်မယ့် အလိုအလျောက်ဂိတ်တံခါး



 အလျင်စလို ပြုလုပ်တတ်လေ့ရှိတဲ့ အမှုအကျင့်ဆိုးတစ်ခုဟာ ကျွန်တော်တို့အပေါ် ဆိုးရွှားလွန်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဥပမာပေးပြီး ပြောရမယ်ဆိုရင် ကားလမ်းကူးတာပေါ့။ မီးပွိုင့်ကနေ ဘာအရောင်ကို အချက်ပြနေမှန်းမသိပဲ အလောတကြီးနဲ့ လမ်းဖြတ်ကူခြင်းက အရမ်းဆိုးရွှားပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာလည်း အလားတူပါပဲဖြစ်ပါတယ်။

 တရုတ်နိုင်ငံအတွင်းက မြို့ကြီးတွေမှာဆိုရင် ကားလမ်းဖြတ်ကူးသူတွေရဲ့ နမော်နမဲ့ အပြုအမှုများကြောင့် ယာဉ်အန္တရာယ်တွေ မကြာခဏဖြစ်ပွားနေရပါတယ်။ တရုတ်စတိုင် လမ်းဖြတ်ကူးမှုလို့ပါ နာမည်ပြောင်ပေးထားရတဲ့အထိကို နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဖြစ်စဉ်ကို ထိန်းချုပ်ဖို့အတွက် တရုတ်အာဏပိုင်များအနေနဲ့လည်း အတော်လေးကို ခေါင်းခဲခဲ့ရပါတယ်။ တရုတ်နိုင်ငံသား အဓိကအားဖြင့် မြို့ကြီးသားများဟာ လူကူးမျဉ်းကြားအတွက် ထားရှိပေးထားတဲ့ မီးပွိုင့်မှာ မီးစိမ်းနေသလား မီးနီနေသလားဆိုတာကို သတိမမူပဲ အုပ်စုလိုက် လမ်းကူးတတ်တဲ့ အကျင့်စရိုက်မျိုးတွေကို ယနေ့ခေတ်မှာ ပိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ အခုတော့ ဒီပြသာနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။

 ဒါကတော့ အလိုအလျောက်ဂိတ်တံခါးတွေကို အသုံးပြုလိုက်ခြင်းပါပဲ။ ကားလမ်းရဲ့တစ်ဖက်တစ်ချပ်မှာ အလိုအလျောက်ဂိတ်တံခါးများကို တပ်ဆင်ပေးထားလိုက်တာဖြစ်ပြီး လမ်းမယ့်လူများအနေနဲ့ ကားလမ်းကူးဖို့ မီးစိမ်းပြလိုက်တဲ့အခါမှသာ ထိုဂိတ်တံခါးကနေ ဖြတ်ကျော်ပြီး လမ်းကူးနိုင်မှာဖြစ်ပါတယ်။ မီးရထားဘူတာရုံတွေမှာ တွေ့ရတတ်တဲ့ ဂိတ်တံခါးပုံစံနဲ့ အတော်လေးဆင်တူတဲ့ အလိုအလျောက်ဂိတ်တံခါးများဟာ ယာဉ်တိုက်မှုဖြစ်စဉ်ကို အများအပြား လျှော့ချပေးနိုင်မယ့်အပြင် ဂိတ်တံခါးကိုရှောင်ပြီး လမ်းကူးခြင်းနဲ့ ဂိတ်တံခါးကို ကျော်ခွပြီး လမ်းကူးခြင်းများ ပြုလုပ်မယ်ဆိုပါက စီစီကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး ကျူးလွန်ထားသမျှကို လမ်းလည်ခေါင်မှာရှိတွှဲ ဗီဒီယိုဖန်သားပြင်ကနေ အရှက်ရစေအောင် ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ လမ်းကူသူများအတွက် တကယ့်ကို စည်းကမ်းရှိလာနိုင်စေမယ့် လုပ်ရက်တစ်ခုလို့ မြင်မိပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment