Powered by Blogger.

ရည်းစားဖြစ်သူကို တစ်ဝက်မခွဲပေးချင်လို့ ပိုက်ဆံတွေကိုမျိုချပစ်လိုက်တဲ့ အမျိုးသမီးတစ်ဦး


 အသက် ၂၈နှစ်အရွှယ်ရှိ အမျိုးသမီးတစ်ဦးဟာ ချစ်သူဟောင်းဖြစ်သူကို ဝေစွဲမခွဲပေးချင်တဲ့ ပိုက်ဆံတွေအားလုံးကို မျိုချခဲ့လိုက်ပြီးနောက် ဗိုက်အတွင်းကနေ စူးအောင့်နေသလို ဝေဒနာမျိုး ခံစားလာခဲ့ရလို့ ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှု ခံယူလိုက်ရပါတယ်။

 ဒီလို ထူးခြားတဲ့ဖြစ်ရပ်ဟာ ဧပြီလ ၂၂ရက်နေ့က ကိုလံဘီယာနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ကိုလံဘီယာနိုင်ငံ ဘူကာရာမန်ဂါဒေသက ဆေးရုံတစ်ရုံကို ရောက်ရှိလာခဲ့တဲ့ အမျိုးသမီးလူနာတစ်ဦးရဲ့ ဝမ်းဗိုက်ကို ဆရာဝန်များက ခွဲစိတ်ကုသခဲ့ရာမှာ ဝမ်းဗိုက်အတွင်းကနေ ငွေစက္ကူတစ်ရာတန်များကို မထင်မှတ်တွေ့မြင်ခဲ့လိုက်တာဖြစ်ပါတယ်။ ခွဲစိတ်အထူးကု ဆရာဝန်များဟာ သူတို့ရဲ့မြင်ကွင်းကို ထိတ်လန့်သွားကြပြီးနောက် ဒေသခံရဲတပ်ဖွဲ့ကိုအကြောင်းကြားလိုက်ပါတယ်။ ရဲအရာရှိများ လာရောက်စစ်ဆေးတဲ့အခါမှာတော့ ဗိုက်ထဲကို ငွေစက္ကူတွေ ရောက်ရှိနေပုံအကြောင်းကို အသေးစိတ် သိရှိလိုက်ရပါတော့တယ်။

 အစာအိမ်နာကျင်လွန်းတဲ့ ဝေဒနာကြောင့် ဆေးရုံကိုရောက်ရှိလာခဲ့သူ အမျိုးသမီးဟာ ဟိုးယခင်က သူမရဲ့ချစ်သူဟောင်းဖြစ်သူနဲ့ ပနားမားနိုင်ငံမှာ ဘဝတစ်ခု ထူထောင်ဖို့အတွက် ငွေကြေးများစွာကို စုဆောင်းထားခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူမကို ချစ်သူဟောင်းဖြစ်သူက လမ်းခွဲစကားစတင်ပြောဆိုခဲ့ပြီး စုဆောင်းထားတဲ့ ငွေကြေးထဲမှ တစ်ဝက်ကိုခွဲပေးဖို့ တောင်းဆိုလာပါတယ်။ ဒါကို ထိုအမျိုးသမီးက ဝေခွဲမပေးချင်လိုတာကြောင့် ငွေစက္ကူတစ်ရာတန်များကို ရေနဲ့မျောချပြီး မျိုချထားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗိုက်တွေမတရားအောင့်လာတာကြောင့် ဆေးရုံတတ်ပြီး ခွဲစိတ်မှုခံယူလိုက်ရတာပဲဖြစ်ပါတယ်။

 အကြောင်းစုံကို သိရှိပြီးနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်များကလည်း ထိုအမျိုးသမီးကို အပြစ်ပေးခြင်း တစ်စုံတစ်ရာမပြုလုပ်ခဲ့ပဲ ဆေးရုံမှာဆင်းခွင့်ပေးခဲ့လိုက်ပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ မေးမြန်းမှုများကို ထိုအမျိုးသမီးဘက်ကနေ ဖြေကြားခဲ့ခြင်းမရှိတာကြောင့် ဗိုက်ထဲက ပိုက်ဆံတွေကို ချစ်သူဟောင်းကို ခွဲပေးခဲ့ရသလား သူတစ်ယောက်တည်းပဲ မောင်ပိုင်စီးနိုင်ခဲ့သလားဆိုတာကတော့ သေချာသိရှိခဲ့ခြင်းမရှိပါဘူးခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment