Powered by Blogger.

ရေနစ်နေတဲ့ ပိုင်ရှင်ဖြစ်သူကို ခွေးနှစ်ကောင်က ကယ်ဆယ်နိုင်ခဲ့



 အိမ်မွေးတိရစ္ဆာန်တွေထဲမှာ လူသားတွေအတွက် အသုံးဝင်ဆုံး ၊ ရင်းနှီးနွေးထွေးမှုအရှိဆုံးနဲ့ အသိတတ်ဆုံး တိရစ္ဆာန်ကတော့ ခွေးဖြစ်ပါတယ်။ အခုလည်း ရေနစ်နေတဲ့ ပိုင်ရှင်ဖြစ်သူကို ခွေးနှစ်ကောင်က အတူပူပေါင်းပြီး ကယ်ဆင်ခဲ့တဲ့ဖြစ်ရပ်လေးဟာ ထိုင်းနိုင်ငံမှာဖြစ်ပေါ်သွားခဲ့ပါတယ်။

 တကယ်တော့ ဒီခွေးနှစ်ကောင်ဟာ ကယ်ဆယ်ရေးကိစ္စများအတွက် အထူးသင်ကြားပေးထားတဲ့ ခွေးနှစ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာ အန္တရာယ်ကျရောက်နေတဲ့ လူတစ်ယောက်ကို ဘယ်လိုကယ်ဆယ်ရမလဲဆိုတဲ့ အတွေ့အကြုံကတော့ ဒီခွေးနှစ်ကောင်လုံးမှာ မရှိသေးပါဘူး။ ဒါကြောင့် ခွေးနှစ်ကောင်ရဲ့ပိုင်ရှင်ဖြစ်သူက မြစ်ထဲကိုခုန်ချပြီး ရေနစ်ဟန်ဆောင်ခဲ့လိုက်ရာ ခွေးနှစ်ကောင်မှာ စုပေါင်းအားနဲ့ ပိုင်ရှင်ဖြစ်သူကို အရကယ်ဆယ်ခဲ့ပါတယ်။ Apo အမည်ရ ခွေးလေးတစ်ကောင်နဲ့ Jaguar အမည်ရ အညိုရောင်ခွေးဘီလူးတစ်ကောင်တို့ဟာ သူတို့သခင် ဝတ်ဆင်ထားတဲ့ အသက်ကယ်ဂျက်ကတ်ကို သွားနဲ့ကိုက်ချီပြီး ဝါးဖောင်ရှိရာကို ဆွဲခေါ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

 ဒီဖြစ်ရပ်လေးကို ခွေးပိုင်ရှင်ဖြစ်သူရဲ့ ချစ်သူမိန်းကလေးက ဗီဒီယိုမှတ်တမ်းတင်ထားပြီး အင်တာနက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေသွားခဲ့ပါတယ်။ ခွေးလေးနှစ်ကောင်ရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး ဗီဒီယိုရိုက်ကူးခဲ့တဲ့ အမျိုးသမီးက " ကျွန်မတို့နှစ်ဦးဆီမှာ သင်လိုက်တာနဲ့ ခဏလေးတတ်မြောက်နိုင်စွမ်းရှိတဲ့ အရမ်းတော်တဲ့ ခွေးလေးနှစ်ကောင်ကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်မချစ်သူက ရေနစ်သလို ဟန်ဆောင်ပြတာကို အခုလို လာကယ်လိမ့်မယ်လို့ မမျှော်လင့်ထားတာပါ။ ကျွန်မ့အတွက်တော့ တကယ်ကို မမေ့နိုင်စရာ နေ့လေးတစ်ရက်ပါပဲ " လို့ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment