သရဲမရုပ်တုကြီးကို ဆောက်လုပ်သွားဖို့ စီစဉ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက မြို့တစ်မြို့
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ Pontianak မြို့မှာ မြို့နာမည်ရဲ့အဓိပ္ပာယ်နဲ့ လိုက်လျောညီထွေရှိတဲ့ ကြောက်မက်စရာ သရဲမရုပ်တုကြီးတစ်ခုကို ဆောက်လုပ်သွားဖို့အတွက် စဉ်းစားနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
Pontianak ဆိုတာ West Kalimantan စီရင်စုမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့နာမည်နဲ့ အဓိပ္ပာယ်ချင်းဆင်တူနေတဲ့အရာကလည်း ရှိလို့နေပါတယ်။ ဒါကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒဏ္ဍရီထဲက အမျိုးသမီး ဖုတ်ကောင်သရဲမကြီးရဲ့နာမည်ပဲဖြစ်ပါတယ်။ ဒါကြောင့် Pontianak မြို့ရဲ့ တာဝန်ရှိသူများက မြို့နဲ့နာမည်ဆင်တူနေတဲ့ သရဲမရုပ်တုကြီးကို သူတို့မြို့အတွင်းမှာ ဆောက်လုပ်သွားဖို့ စီစဉ်နေရတာဖြစ်ပါတယ်။
ဘာကြောင့် အခုလိုစီစဉ်နေရသလဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံလို အာဆီယံနိုင်ငံအချို့ရဲ့ မြို့ကြီးတွေမှာ သူတို့မြို့ရဲ့ အဓိပာယ်ကို ဖော်ဆောင်နေတဲ့ ရုပ်တုကြီးတွေ ရှိနေလို့ပဲဖြစ်ပါတယ်။ ဥပမာဆိုရင် စင်ကာပူနိုင်ငံမှာရှိတဲ့ Merlion ရုပ်တုဟာ ခြင်္သေ့ခေါင်းနဲ့ ငါးအမြီးကို ပုံဖော်ထားတာဖြစ်ပြီး ဒါဟာ ခြင်္သေ့မြို့တော်နဲ့ ယခင်က တံငါဆိပ်ကမ်းလေးဖြစ်ခဲ့ဖူးတာဆိုတာကို ပေါင်းစပ်ပြသချင်တဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ ထိုနည်းတူပဲ မလေးရှားနိုင်ငံ Kuching မြို့မှာဆိုရင် ကြောင်ရုပ်တုတွေကို ဆောက်လုပ်ထားတာဖြစ်ပြီး ဒီ Kuching ဆိုတဲ့ အဓိပ္ပာယ်က ကြောင်ဖြစ်တာကြောင့် အခုလိုဆောက်လုပ်ထားတာဖြစ်ပါတယ်။
Pontianak သရဲမရုပ်တုကြီးကို တခြားအာဆီယံနိုင်ငံက ရုပ်တုတွေလို ကမ္ဘာလှည့်ခရီးသည်များကို အဓိကဆွဲဆောင်နိုင်အောင် ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်တုရဲ့အမြင့်ဟာလည်း မီတာတစ်ရာလောက်အထိ မြင့်မားစွာ ဆောက်လုပ်သွားဖို့ရှိနေပါတယ်။ အဆိုပါ Pontianak သရဲမရုပ်တုကြီးဟာ The Ring သရဲဇာတ်ကားထဲက သရဲမပုံစံနဲ့ အတော်လေးဆင်တူဖွယ်ရှိပြီး Pontianak မြို့သားများကတော့ သူတို့မြို့အတွင်း အခုလို ကြောက်မက်စရာကောင်းတဲ့ရုပ်တုကို ဆောက်လုပ်မယ့်အရေးကြောင့် စိတ်ပျက်လျက်ရှိနေပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref:Koreaboo
0 comments:
Post a Comment