Powered by Blogger.

မက်ဆီနဲ့ ချွတ်စွပ်တူလွန်းလို့ နာမည်ကြီးနေတဲ့ အီရန်နိုင်ငံသား



 လူတစ်ယောက်ဟာ သူရဲ့ကြိုးစားရုန်းကန်မှုကြောင့် အောင်မြင်မှုကို ရရှိနိုင်သလို ဒီလိုအောင်မြင်နေတဲ့ လူတစ်ဦးနဲ့ မျက်နှာပုံစံချင်း တူညီနေမယ်ဆိုရင်လည်း ကျော်ကြားမှုကို ရရှိနိုင်ပါတယ်။ အခုလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ လီယွန်နက်မက်ဆီနဲ့ ရုပ်ချင်းအတော်လေး ဆင်တူနေတဲ့ အီရန်နိုင်ငံသားတစ်ဦးဟာ သူတို့နိုင်ငံအတွင်းမှာ အတော်လေးကို လူကြိုက်များကျော်ကြားနေလျက်ရှိပါတယ်။

 အီရန်နိုင်ငံသားတစ်ဦးဖြစ်သူ Reza Parastesh ဟာ သာမာန်ကျောင်းသားလေးတစ်ယောက်ဖြစ်ပေမယ့် သူရဲ့ကံအကျိုးပေးကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်နိုင်တဲ့ အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ မျက်နှာပုံစံချင်း ဆင်တူနေခဲ့တာကြောင့် အီရန်နိုင်ငံအတွင်းမှာ အရမ်းကိုရေပန်းစားနေခဲ့ရပါတယ်။ Raza ဟာ သူရဲ့မက်ဆီနဲ့တူလွန်းတဲ့ မျက်နှာကြောင့် ထောင်ကျလုနီးပါးအထိတောင် ဖြစ်ပွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူအပြင်ထွက်တဲ့အခါ လူအများက သူ့ကိုမက်ဆီအထင်နဲ့ ဓါတ်ပုံတွေဝိုင်းရိုက်ကြ ၊ လူတွေအစုလိုက်အပြုံလိုက် အုံခဲလာကြတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေပါ ဖြစ်ပေါ်နေရလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Raza ကို ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းကို ခေါ်ဆောင်ခဲ့ရပြီး သူရဲ့ကားကိုလည်း ခေတ္တသိမ်းဆည်းထားခဲ့ရပါတယ်။

 မက်ဆီနဲ့ ရုပ်ချင်းဆင်တူမှုကို ရရှိပိုင်ဆိုင်ထားခဲ့တဲ့ Reza Parastesh ဟာ အခုဆိုရင် မီဒီယာများစွာနဲ့ အင်တာဗျူးဖြေဆိုဖို့ ဘွတ်ကင်များလုပ်ထားရသလို ကြော်ငြာမော်ဒယ်တစ်ဦးအဖြစ်ပါ လုပ်ကိုင်ဖို့ အစီအစဉ်ရှိနေပါတယ်။ သူရဲ့အနာဂတ်ရည်မှန်းချက်ကတော့ သူနဲ့ရုပ်ချင်းဆင်တူတဲ့ ဘောလုံးသမားမက်ဆီနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရရှိဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Reza Parastesh ဟာ မက်ဆီနေရာကနေ အစားသရုပ်ဆောင်ရမယ့် အခွင့်အရေးမျိုးကိုလည်း လိုချင်နေသူဖြစ်ပါတယ်။ ဒါကြောင့် Reza Parastesh အနေနဲ့ သူအရမ်းတွေ့ချင်နေတဲ့ မက်ဆီနဲ့ ဆုံတွေ့ခွင့်ရနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment