Powered by Blogger.

သားအိမ်ခေါင်းကင်ဆာ လာရောက်စစ်ဆေးတဲ့ အမျိုးသမီးတွေအတွက် မျက်နှာဖုံးဝန်ဆောင်မှုပေးနေတဲ့ဆေးရုံ


ထိုင်းနိုင်ငံ Kamphaeng Phe စီရင်စုရှိ Nong Krot ဆေးရုံရဲ့ သားဖွားမီးယပ်လူနာဆောင်မှာ သားအိမ်ခေါင်းကင်ဆာရှိမရှိ လာရောက်စစ်ဆေးကြတဲ့ အမျိုးသမီးတွေ အဆင်ပြေချောမွေ့စေနိုင်ဖို့အတွက် ရည်ရွှယ်ပြီး အစစ်ဆေးခံ လူနာများနဲ့ စစ်ဆေးမှုပြုလုပ်ပေးကြမယ့် ဆရာဝန်များ ၊ သူနာပြုများပါ မျက်နှာဖုံးတွေကို တပ်ဆင်နေကြလျက်ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါဟာ အမျိုးသမီးထုအတွက် အရမ်းကိုအန္တရာယ်များတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါကို စစ်ဆေးဖို့ဆိုတာကလည်း သားအိမ်ခေါင်းအတွင်းကို သေးငယ်တဲ့ Brush လေးတစ်ခု ထည့်သွင်းပြီး သားအိမ်အတွင်းက ဆဲလ်တွေကိုစုဆောင်းကာ ဆဲလ်တွေပုံမှန်ရှိနေမနေ စစ်ဆေးရတာဖြစ်လို့ လာရောက်စစ်ဆေးရတဲ့ အမျိုးသမီးအတွက် အရှက်ရစရာ အနေအထားမျိုး ဖြစ်နေပါတယ်။


တချို့ဆို ဒီလိုလာရောက်စစ်ဆေးရမှာကို ရှက်နေတာကြောင့် စစ်ဆေးမှုမခံယူပဲ မေ့မေ့လျော့လျော့ နေထိုင်ခဲ့လိုက်ရာ သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက်ပါဆုံးရှုံးသွားခဲ့ရတတ်ပါတယ်။ ဒါကြောင့် ဒီပြသာနာရပ်တွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းတဲ့အနေနဲ့ အစစ်ဆေးခံ အမျိုးသမီးများကို ကုသပေးမယ့် ဆရာဝန်များနဲ့ ဝန်ဆောင်မှုပေးမယ့် သူနာပြုများကိုပါ မျက်နှာဖုံးတွေ တပ်ဆင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးဖို့ အကြံသွားရခဲ့တာကလည်း ထိုင်းနိုင်ငံမှာ တအားခေတ်စားနေတဲ့ မျက်နှာဖုံးတပ် သီချင်းဆိုပြိုင်ပွဲကြောင့်ပဲဖြစ်ပါတယ်။

 The Mask Singer လို့အမည်ရတဲ့ သီချင်းဆိုပြိုင်ပွဲဟာ ပြိုင်ပွဲဝင်များအနေနဲ့ မိမိအကြောင်းတစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုစရာမလိုပဲ မျက်နှာဖုံးတပ်ကာ သီချင်းဆိုရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ Nong Krot ဆေးရုံဟာ ဒီပြိုင်ပွဲကို သာဓကယူပြီး အမျိုးသမီးလူနာများ အဆင်ပြေပြေ အစစ်ဆေးခံနိုင်ဖို့အတွက် မျက်နှာဖုံးများကို ဝန်ဆောင်မှုပေးလိုက်တာဖြစ်ပါတယ်။ အခုလို မျက်နှာဖုံးများ ဝန်ဆောင်မှုပေးပြီးနောက်ပိုင်းမှာ Nong Krot ဆေးရုံအတွင်း သားအိမ်ခေါင်းကင်ဆာကို လာရောက်စစ်ဆေးသူဦးရေဟာ ယခင်က ပိုမိုများပြားလာခဲ့ပါတယ်။ Nong Krot ဆေးရုံရဲ့မျက်နှာဖုံးဝန်ဆောင်မှုဟာ အမျိုးသမီးများအတွက် တကယ်အဆင်ပြေခဲ့တာကြောင့် အင်တာနက်စာမျက်နှာအထိပါ နာမည်ကောင်းပျံနှံသွားခဲ့ရပါတော့တယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment