အားအင်အပြည့်နဲ့ မာန်ဖီနေဟန်ရှိတဲ့ ခြင်္သေ့ရုပ်တုကြီးကိုတော့ လှပစွာ အသက်သွင်းခဲ့ပြီးပါပြီ။ Redwood သစ်သားနဲ့ပြုလုပ်ထားတဲ့ ရုပ်တုတွေထဲမှာမှ ကမ္ဘာ့အကြီးမားဆုံးလည်းဖြစ်သလို ခမ်းနားမှုအရှိဆုံးလည်းဖြစ်တဲ့ ခြင်္သေ့ရုပ်တုကြီးကို တရုတ်နိုင်ငံရဲ့ Central Chinese city ရင်ပြင်မှာ ဂုဏ်ယူဝံကြွားစွာနဲ့ ထားရှိထားလျက်ရှိပါတယ်။
မြေထဲပင်လယ်ကခြင်္သေ့လို့ အမည်ပေးထားတဲ့ လက်ရာမြောက်ရုပ်တုကြီးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနယ်ပေါက် အဖိုးတန်သစ်မျိုးဖြစ်တဲ့ ဧရာမ Redwood သစ်ပင်ကြီးတစ်ပင်တည်းနဲ့ သုံးနှစ်ခန့် အချိန်ယူပြီး ပြုလုပ်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။
ဒီခြင်္သေ့ရုပ်တု ပရောဂျက်ကို တရုတ်နိုင်ငံရဲ့ နာမည်ကျော်ဗိသုကာပညာရှင် Dengding Rui Yao က ဦးစီးဆောင်ရွှက်ပြီး လူအယောက်နှစ်ဆယ်လောက်က အားဖြည့်ကူညီပေးခဲ့ရပါတယ်။ ဒီပရောဂျက်ကိုတော့ ကျွန်တော်တို့နိုင်ငံမှာ စတင်အကောင်အထည်ဖော်ဖြစ်ခဲ့တာလို့လည်း သိရှိရပါတယ်။ ဒါကြောင့် ရင်သပ်ရှုမောစရာကောင်းလှတဲ့ ခြင်္သေ့ရုပ်တုကြီးဆီမှာ မြန်မာနိုင်ငံသား ပညာရှင်တွေရဲ့ ဖန်တီးမှုတွေလည်း ပါဝင်နေနိုင်ဖွယ် ရှိလို့နေပါတယ်။
ခြင်္သေ့ဆိုတာ တရုတ်ရိုးရာယဉ်ကျေးမှုမှာ အဓိကနေရာက ပါဝင်နေတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက ခြင်္သေ့တွေကို ကာကွယ်စောင့်ရှောက်ပေးသူများအဖြစ် သတ်မှတ်ထားကြတာဖြစ်လို့ အင်ပါယာနန်းတော်များရဲ့ဂိတ်တံခါးဝများမှာဆိုရင် ခြင်္သေ့ရုပ်တုများကို ထားရှိကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တရုတ်အာဏပိုင်များက ခြင်္သေ့ရုပ်တုကြီးကို ခမ်းခမ်းနားနား ဆောက်လုပ်ကြတာဖြစ်ပါတယ်။ ၄၇.၅ ပေခန့်မြင့်မားပြီး ၁၃ပေအကျယ်ရှိတဲ့ ခြင်္သေ့ရုပ်တုကြီးကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံကနေ မိုင်ပေါင်းသုံးထောင်လောက် ကွာဝေးတဲ့ Wahan ဒေသက Fortune Plaza Times Square ကို သယ်ယူပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ဒီရုပ်တုကြီးကို Central Chinese city ရင်ပြင်မှာ ပြသထားနေပြီဖြစ်ပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref
: boredpanda
သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
0 comments:
Post a Comment