Powered by Blogger.

စကားပြောသော တတ်တူးများ




 တတ်တူးဆိုတာ အဓိကအားဖြင့် လူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်ရဲ့ ချစ်သူခင်သူနဲ့ပတ်သတ်တဲ့ အထိန်းအမှတ်လေးတွေ ကိုယ့်ဘဝအတွက် အမှတ်တရလေးတွေကို အရေပြားပေါ်မှာ မှတ်ကျောက်တင်လိုက်တဲ့ အလေ့အကျင့်က ဒီဘက်ခေတ်မှာ ပိုပိုပြီးများလာပါတယ်။ တကယ်လို့များ သင်အရေပြားပေါ်က တတ်တူးတွေသာ စကားပြောနိုင်မယ်ဆို ဘယ်လိုခံစားရမလဲ။

 အရမ်းအရမ်းကို မိုက်သွားမယ်လို့ သင်ထင်နေပြီမလား။ ဒါဟာ စိတ်ကူးယဉ်သက်သက်တော့ မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာပါ ပြုလုပ်လို့ရနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား တတ်တူးပညာရှင် Nate Siggard ရဲ့ ပြောင်မြောက်လှတဲ့ အတွေးအခေါ်နဲ့ တီထွင်နိုင်စွမ်းတို့ပေါင်းစပ်ပြီး တတ်တူးတွေကို စကားပြောနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။


 Siggard ကသူရဲ့မိတ်ဆွေနှစ်ယောက်ကို အဆိုတော်ကြီး Elton John ရဲ့TinyDancer သီချင်းအသံလှိုင်:တတ်တူးကိုထိုးပေးလိုက်ပြီးနောက်ပိုင်း Siggard ရဲ့ချစ်သူက ထိုအသံလှိုင်းတတ်တူးကနေ တကယ့်အသံ ထွက်လာရင် ဘယ်လောက်ကောင်းမလဲဆိုပြီး အကြံပြုခဲ့ရာ Siggard အတွက် တကယ့်ကို ဆန်းသစ်တဲ့ စိတ်ကူးကောင်းတစ်ခု ရရှိသွားခဲ့ပါတယ်။

 ဒါနဲ့ Siggard ဟာ သူရဲ့ချစ်သူနဲ့ ကလေးအသံတို့ကို ကွန်ပျူတာကနေ အသံလှိုင်းပုံစံပြောင်းပြီး ထိုအသံလှိုင်းနဲ့ တစ်ထေရာတည်းတူတဲ့ တတ်တူးတစ်ခုကို သူရဲ့ခြေသလုံးမှာ ထိုးလိုက်ပါတယ်။ အဲ့ဒီနောက် စမတ်ဖုန်း Apps တစ်ခုနဲ့ သူရဲ့တတ်တူးနေရာကို ကပ်ပြလိုက်ရာမှာ သူ့ချစ်သူအသံနဲ့ သူ့သားလေးရဲ့အသံတို့ကို ကြည်လင်ပြတ်သားစွာ ကြားခဲ့ရပါတော့တယ်။

 ဒီလိုနဲ့ Siggard ဟာ သူရဲ့အောင်မြင်မှုကို အားလုံးကိုသိစေချင်တဲ့အနေနဲ့ သူရဲ့ Facebook ပေါ်ကနေ ကြေညာခဲ့လိုက်ရာ အချိန်တိုလေးအတွင်းမှာ စိတ်ဝင်စားမှုတွေ မြင့်တတ်လာခဲ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘဝမှာ သင့်အတွက် အရေးပါဆုံးလူတစ်ယောက်ရဲ့အသံကို တတ်တူးထိုးပြီး မှတ်ကျောက်တင်ထားနိုင်မယ့် အခွင့်အရေးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref:ODDIT
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment