Powered by Blogger.

အင်ဒိုနီးရှားနိုင်ငံမှာ တွေ့မြင်ခဲ့ရတဲ့ အမျိုးအမည်မသိ တိရစ္ဆာန်အသေကောင်ကြီး




ကျွန်တော်တို့လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးထဲမှာ သမာရိုးကျ သတ္တဝါများစွာ တည်ရှိနေကြသလိုပဲ သဘာဝကို လွန်ကဲနေတဲ့ သတ္တဝါများလည်း နေထိုင်ကြပါတယ်။ ဒီလို သဘာဝမကျတဲ့အပြင် ဘယ်လိုသတ္တဝါလဲလို့တောင် ထုတ်ဖော်ပြောဆိုရခက်တဲ့ တိရစ္ဆာန်အသေတစ်ကောင်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။

 ကြီးမားလွန်းလှတဲ့ သတ္တဝါအသေကောင်ကြီးကို အင်ဒိုနီးရှားနိုင်ငံ မာလူကူစီရင်စုက ဆီရန်ကျွန်းပေါ်ရှိ ဟုလောင်ကမ်းခြေမှာ အင်္ဂါနေ့ညဘက်အချိန်မှာ ဒေသခံတစ်ဦးက တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ထိုသတ္တဝါကြီးကို စတင်တွေ့မြင်ခဲ့သူရဲ့ပြောဆိုချက်အရ သူစမြင်မြင်ချင်းမှာပဲသင်္ဘောပျက်တစ်စင်း သောင်တင်နေတယ်လို့ အထင်မှားသွားခဲ့ရတယ်လို့ သိရပါတယ်။


အမျိုးအမည်မသိနိုင်သေးတဲ့ အသေကောင်သတ္တဝါကြီး ၁၅မီတာ ( ပေ ၅၀ ) လောက်အထိကို ရှည်လျားနိုင်ပါတယ်။ ထူးဆန်းတဲ့ အသေကောင် သတ္တဝါကြီး ဆီရန်ကမ်းခြေမှာ သောင်တင်နေတယ်ဆိုတဲ့ သတင်းကိုကြားကြားချင်မှာပဲ ဒေသခံများက လာရောက်ကြည့်ရှုခဲ့ကြပြီး ဓါတ်ပုံများရိုက်ကူးကာ အင်တာနက်စာမျက်နှာများပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။


 သတင်းဌာနများရဲ့ ထုတ်ပြန်ချက်အရ အသေကောင်ကြီးဟာ စတင်မတွေ့ရှိခင် သုံးရက်လောက်ကတည်းက သေဆုံးနေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒေသခံ ငါးဖမါးသမားများကတော့ ဒီအသေကောင် သတ္တဝါကြီးဟာ ဧရာမကင်းမွန်ကြီးတစ်ကောင် ဖြစ်နိုင်ကြောင်း ထွက်ဆိုထားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ရေသယံဇာတနဲ့ ကမ်းခြေထိန်းသိမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အလွန်ကြီးမားတဲ့ ဝေလငါးကြီးတစ်ကောင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီအသေကောင်ကြီးက ဘယ်လိုသတ္တဝါမျိုး ဖြစ်မလဲဆိုတာ စမ်းသပ်စစ်ဆေးနေဆဲသာ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoonlwin.com

 Ref:telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment