Powered by Blogger.

ကားမောင်းရင်း ဖုန်းသုံးစွဲသူတစ်ဦးကြောင့် ဆိုးရွှားတဲ့ ယာဉ်တိုက်မှုကြီးဖြစ်ပေါ်


 အချိန်တိုလေးအတွင်းမှာ မဆင်မခြင်ပဲ ပြုမှုလိုက်တဲ့ လုပ်ရက်တစ်ခုက ဘာမှထူးထူးခြားခြားမဟုတ်ပဲ အဲ့ဒီအပြုအမှုလေးကနေ လူတွေရဲ့အသက်တွေကို နုတ်ယူသွားနိုင်တယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြပါဘူး။ ဒီလို သတိမထားမိတဲ့ လူတွေထဲမှာ ထရပ်ကားမောင်းသူ Tomasz Kroker လည်း အပါအဝင်ဖြစ်ပါတယ်။

 ကားမောင်းပြီဆိုရင် အမြင်အာရုံရော အကြားအာရုံကိုရော သေချာအာရုံစိုက်ပြီး မောင်းနှင်သင့်တာမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ထရပ်ကားမောင်းသူ Tomasz Kroker ကတော့ ကားမောင်းနေစဉ်အတွင်းမှာ သူရဲ့စမတ်ဖုန်းကိုဖွင့်ပြီး သူနားထောင်ဖို့အတွက် စိတ်တိုင်းကျသီချင်းတွေကို ရွေးချယ်နေခဲ့လို့ သူရဲ့ဘဝဟာ မမျှော်လင့်ထားတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလို ကားမောင်းနေစဉ်အတွင်း ဖုန်းကိုအာရုံစိုက်ခဲ့တာကြောင့် Tomasz Kroker ရဲ့ ထရပ်ကားဟာ လမ်းပေါ်မှာ စည်းကမ်းတကျ မောင်းနှင်နေတဲ့ ကားရှစ်စီးကို ဆင့်တိုက်မှုဖြစ်ပွားသွားခဲ့ရပါတယ်။

 ဒီယာဉ်တိုက်မှုကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာများစွာ ရရှိသွားခဲ့ရသလို မိခင်တစ်ဦးနဲ့ သူမရဲ့ကလေးသုံးဦးမှာလည်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ Tomasz Kroker ရဲ့ စက္ကန့်ပိုင်းလေးအတွင်း မဆင်မခြင် ပြုမှုမိဟာ လူလေးယောက်ရဲ့အသက်ကို အချိန်တိုလေးအတွင်းမှာပဲ သတ်ဖြတ်သွားခဲ့သလို ဖြစ်ခဲ့ရပါတယ်။

 ဒီလို ဆိုးရွှားလှတဲ့ ယာဉ်တိုက်မှုကြီးဟာ ပိုလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကားမောင်းနေတုန်း အာရုံစိုက်မှု ပြန့်လွှင့်နေခဲ့တဲ့ ထရပ်ကားမောင်းသမား Tomasz Kroker ကတော့ သူရဲ့အပြုအမှုဆိုးအတွက် ထောင်ဒဏ်ဆယ်နှစ် သတ်မှတ်ခံလိုက်ရပြီး ထောင်ကလွတ်ရင်လည်း ကားမောင်းခွင့် ခုနှစ်နှစ် ပိတ်ပင်ခံရဦးမှာဖြစ်ပါတယ်။ ဒီလို ယာဉ်တိုက်မှုကြီး မဖြစ်ခင် ငါးလခန့်လောက်မှာပဲ Tomasz Kroker ဟာ ဖခင်တစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။


အခုတော့ သူရဲ့ ဆင်ခြင်မှုမရှိခြင်းနဲ့ အာရုံစိုက်မှုမရှိခြင်းတို့ကြောင့် သူတစ်ပါးမိသားစုတစ်စုရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့သလို ဖြစ်သွားရတဲ့အပြင် သူရဲ့ဘဝကိုပါ သူကိုယ်တိုင် ဖျက်ဆီးခဲ့သလို ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် ကားမောင်းရင်း ဖုန်းမသုံးဖို့ လမ်းသွားရင်လည်း ဖုန်းမသုံးစွဲဖို့နဲ့ အရာရာကို ဆင်ခြင်သုံးသပ်ပြီး ပြုမှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

  VitamiN

  #knowledge.thithtoolwin.com

  Ref:elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment