Powered by Blogger.

ပေါင်းသတ်ဆေးကို အန္တရာယ်ကင်းကြောင်း ကိုယ်တိုင်သောက်ပြပြီး သက်သေပြခဲ့တဲ့ အမျိုးသမီး



ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အခြေစိုက် နည်းပညာနဲ့ ထုတ်ကုန်သွင်းကုန် ကုမ္မဏီတစ်ခုရဲ့ အရာရှိတစ်ဦးဖြစ်သူ Phung Thi Hung ဟာ သူမကုမ္မဏီက ထုတ်လုပ်ထားတဲ့ ပေါင်းသတ်ဆေးက လူသားတွေအတွက် အန္တရာယ်ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့အတွက် ထိုပေါင်းသတ်ဆေးကို မော့သောက်ပြခဲ့တယ်လို့ သိရပါတယ်။

 ဒီလို ထူးထူးခြားခြား သရုပ်ပြမှုက ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ထိုနေ့မှာ Phung Thi Hung က ဇီဝနည်းပညာများနဲ့ အပင်ဖျက်ပိုးများကို နှိမ်နင်းနိုင်ပုံတို့ အပင်များကို ကာကွယ်ပုံတို့ကို ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး Phung Thi Hung က သူတို့ကုမ္မဏီထုတ် ကုန်ပစ္စည်းများကို မိတ်ဆက်ပြသရင်းနဲ့ ပေါင်းသတ်ဆေးဗူးက လူသားတွေအတွက် လုံးအန္တရာယ်မရှိကြောင်း ပြောဆိုနေရင်းနဲ့ အနီရောင်ပေါင်းသတ်ဆေးဗူးတစ်ဗူးကို ပွဲတတ်ရောက်လာကြသူများအရှေ့မှာ သောက်ပြလိုက်ပါတယ်။

အဆိုပါ ထူးခြားတဲ့ အပြုအမှုကို Phung Thi Hung တစ်ယောက်တည်းကသာ ပြုလုပ်ခဲ့တာမဟုတ်ပဲ မြေသြဇာနဲ့ သဘာဝပတ်ဝန်းကျင် သုသေတနအဖွဲ့က ဒေါက်တာတစ်ဦးပါ ပေါင်းသတ်ဆေးဗူးကို သောက်ပြသွားခဲ့ပါသေးတယ်။ ထူးထူးခြားခြားဆိုသလိုပါပဲ ထိုနှစ်ဦးလုံးဟာ ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။

 တကယ်တော့ Phung Thi Hung ဟာ ဆရာဝန်လက်လျော့ထားရတဲ့ ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့ဝေဒနာကို သူမကိုယ်တိုင် ဆေးဘက်ဝင်အပင်များနဲ့ ကုသကြည့်ရင်းကနေ ထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Phung Thi Hung အပင်တွေအပေါ်မှာ စိတ်ဝင်စားမှု မြင့်တတ်လာခဲ့ပြီး ၁၃နှစ်တိုင်တိုင် ဆေးဘက်ဝင်အပင်များအကြောင်းကို အာရုံစိုက်လေ့လာခဲ့ကာ အခုလို လူတွေအတွက် အန္တရာယ်ကင်းပြီး သီးနှံတွေဖြစ်ထွန်းစေနိုင်မယ့် ပေါင်းသတ်ဆေးမျိုးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

  VitamiN

  #knowledge.thithtoolwin.com

   Ref:ODDIT
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment