Powered by Blogger.

ဖောက်ပြန်နေတဲ့ ယောကျာင်္းကိုအသစ်စက်စက်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦး


 ကိုယ်ချစ်ရတဲ့လူတစ်ယောက် ကိုယ့်အပေါ်မှာ ဖောက်ပြန်နေမယ်ဆိုရင် သင်ဘယ်လိုပြုမှုမလဲ။ သေချာတာကတော့ ဒေါသနဲ့တုန့်ပြန့်မိမှာ သေချာပါတယ်။ ဒီလို ဒေါသတကြီးနဲ့ ပြုလုပ်မိရင် ဘာတွေဖြစ်လာမလဲ ဒါမှမဟုတ် သင့်ဘက်က သင်ရဲ့ချစ်သူအပေါ် ဖောက်ပြန်ခဲ့မိရင်ရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာ သိရှိရအောင် တကယ့်ဖြစ်ရပ်တစ်ခုနဲ့ နှိုင်းယှဉ်ဖော်ပြချင်ပါတယ်။


 ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦး ကားမောင်းနေရင်းနဲ့  တခြားကားပေါ်မှာ သူရဲ့အမျိုးသားကို အမျိုးသမီးတစ်ဦးနဲ့ နီးနီးကပ်ကပ် ရှိနေတာကို မမျှော်လင့်ပဲ တွေ့ရှိသွားခဲ့ပါတယ်။ ဒီအချိန်မှာ ထိုအမျိုးသမီးရဲ့စိတ်ထဲက ဒေါသတွေဟာ အရှိန်အဟုန်ပြင်းစွာနဲ့ ထွက်ပေါ်လာခဲ့ပြီး သူမကို စိတ်ဆွနေခဲ့တဲ့ အရာတစ်ခုကို လုပ်သင့်မလုပ်သင့် မစဉ်းစားတော့ပဲ ပြုမှုခဲ့လိုက်ပါတယ်။

 အမျိုးသမီးဟာ သူမရဲ့ အသက်စက်စက် Toyota Fortuner ကားအသစ်နဲ့ သူအမျိုးသား စီးနင်းလာတဲ့ Mercedes Ben ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့လိုက်ပါတယ်။ ဒီယာဉ်တိုက်မှုကတော့ ကားလေးစီးဆင့်တိုက်မှုအထိ ဖြစ်ပွားသွားခဲ့ရပြီး လူခြောက်ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရပါတယ်။ ဒါ့အပြင် လေးကီလိုမီတာခန့်လောက်အထိ ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။

 မီဒီယာတွေရဲ့ ဖော်ပြချက်အရ ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသမီး သူရဲ့အမျိုးသား ဖောက်ပြန်နေတာကို အစောကတည်းက သတိထားနေမိတာကြောင့် GPS ကို အသုံးပြုပြီး နောက်ယောင်ခံလိုက်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့လင်မယားနှစ်ဦးရဲ့ အကြမ်းပတမ်းဆန်တဲ့ အဖြစ်အပျက်ဟာ အင်တာနက်စာမျက်နှာများအပေါ်ထိ ပျံနှံသွားခဲ့ပြီး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ကိုယ့်ချစ်သူအပေါ် သစ္စာမရှိခဲ့သူနဲ့ အရာရာကို မဆင်ခြင်ပဲ ဒေါသနဲ့ တုန့်ပြန့်တတ်သူတို့ရဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

   VitamiN

  #knowledge.thithtoolwin.com

   Ref:elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment