Powered by Blogger.

"မိခင်ဗိုက်ထဲက ထွက်ပြီးမကြာခင်မှာပဲ လမ်းလျှောက်ဖို့ပြင်ဆင်တဲ့ကလေးငယ်လေး"



သားဦးလေးကိုမွေးရတာဟာ မိခင်လောင်းတွေအတွက် တကယ်ကိုခက်ခဲပါတယ်။ ကိုယ့်ရင်သွေးလေး လူ့လောကထဲကို မဝင်ရောက်ခင်မှာရော ဝင်ရောက်လာချိန်မှာရော အစစအရာရာ ဂရုတစိုက် ပြုလုပ်ပေးရတာဟာ မိခင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ်ရဲ့ရင်သွေးငယ်တစ်ယောက် ကောင်းကောင်းမွန်မွန် ဖွံဖြိုးလာအောင် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း သားသမီးအပေါ်မှာထားရှိတဲ့ မိခင်မေတ္တာတရားက ဘာနဲ့မှ နှိုင်းမရအောင် ကြီးမားနေတာပါ။

 ဒါပေမယ့် ကလေးငယ်လေးတစ်ယောက်ကတော့ လူ့လောကထဲကို ဝင်ရောက်ခဲ့ပြီး မကြာခင်မှာပဲ သူ့မိဘတွေ မသင်ပေးရသေးတဲ့ အရာတစ်ခုကို သူကိုယ်တိုင် ကြိုးစားနေခဲ့ပါတယ်။ ကလေးတွေဆိုတာ မွေးပြီးလပိုင်းလောက်ကြာမှာ လေးဖက်ထောက်ပြီး သွားလာတတ် အဲ့ဒီကနေတစ်ဆင့် လမ်းလျှောက်ပြီး သွားလာတတ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကလေးလေးကတော့ မွေးပြီးပြီးချင်းမှာပဲ လမ်းလျှောက်ဖို့ ကြိုးစားခဲ့တာကြောင့် သူနာပြုတွေ မျက်လုံးပြူးသွားခဲ့ရပါတယ်။ သူနာပြုတွေက ဒီမွေးကင်းစ ကလေးငယ်လေးကို သန့်ရှင်းရေးပြုလုပ်ပေးနေစဉ်အတွင်းမှာ အဆိုပါကလေးငယ်လေးက သူရဲ့ခြေထောက်တွေကို အားယူပြီး လှုပ်ရှားနေကာ လမ်းလျှောက်ဖို့ ဟန်ပြင်နေတာဖြစ်ပါတယ်။ ကလေးရဲ့ ထူးခြားတဲ့ အမှုအရာကြောင့် သူနာပြုများက ကလေးကို ထိုင်ပြီးသန့်ရှင်းရေးဆက်လုပ်ပေးခဲ့ပေမယ့် ထိုကလေးလေးကတော့ မတ်တတ်ပြန်ရပ်ပြီး လမ်းလျှောက်ဖို့ကို ထပ်ပြီးကြိုးစားနေခဲ့ပါတယ်။

 ဒီလို ထူးခြားတဲ့ အမှုအရာတွေရှိတဲ့ ကလေးငယ်အကြောင်းဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရပါတယ်။ မွေးပြီးပြီးချင်း မိနစ်အပိုင်းအတွင်းမှာပဲ လမ်းလျှောက်ဖို့ ကြိုးစားတတ်တဲ့ အမှုအကျင့်ကြောင့် အသက်ငယ်ငယ်လေးနဲ့ အရာရာကို အလွယ်တကူ သင်ယူနိုင်မယ့် အလားအလာကောင်းတွေကလည်း ရှိလို့နေမှာ သေချာပါတယ်။ ကလေးလေးရဲ့မိဘတွေကတော့ သူတို့ရဲ့ပထမဦးဆုံး ရင်သွေးလေးကို ရရှိပိုင်ဆိုင်ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတဲ့အပြင် ကလေးရဲ့ထူးခြားတဲ့ အမှုအရာကြောင့် အံသြမှင်သက်မှုကိုလည်း အပိုဆုအနေနဲ့ ရရှိသွားခဲ့ရပါတယ်ခင်ဗျာ။

  VitamiN

#knowledge.thithtoolwin.com

  Ref:viral4real

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment