Powered by Blogger.

နယူးဇီလန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့အသံကြီး



 ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်း သုံးနာရီခန့်လောက်က နယူးဇီလန်နိုင်ငံ မြောက်ပိုင်း Tauranga မြို့မှာ ထူးခြားပြီး ကျယ်လောင်လွန်းတဲ့ အသံနက်ကြီးတစ်ခု ဖြစ်ပွားသွားခဲ့ရပြီး အဆိုပါအသံကြီးကြောင့် ဒေသခံတွေအားလုံး အိပ်ရာကနေ လန့်နိုးသွာခဲ့ရတယ်လို့ သိရှိရပါတယ်။

 ကိုယ်တွေ့ကြုံလိုက်ရတဲ့ ဒေသခံများရဲ့ ပြောဆိုချက်အရ အဆိုပါအသံနက်ကြီးဟာ ဗုံးပေါက်ကွဲတစ်ခုလို အလွန်တရာ ကျယ်လောင်လွန်းအားကြီးခဲ့ပြီး အိမ်တွေရဲ့ပြတင်းပေါက်တွေကို လှုပ်ခါသွားစေခဲ့ကာ အိမ်မွေးတိရစ္ဆာန်အချို့ကိုလည်း ထိရောက်မှုရှိစေခဲ့တယ်လို့ သိရပါတယ်။ " အိမ်တွေ အဆက်မပြတ် လှုပ်ခါသွားသလို ခံစားရပါတယ်။ အသံကြီးက တော်တော်လေးကို ကျယ်လောင်လွန်းပါတယ်။ အသံကတော့ ကျွန်တော်ရဲ့အိမ်နောက်ဖေးဘက်ကနေ ထွက်ပေါ်လာတာပါ။ ဒီအသံကြီးကြောင့် ကျွန်တော်အိပ်ရာကနေ လန့်နိုးသွားခဲ့တာပါ " လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ Roderick Davison ဆိုသူက ပြောဆိုသွားခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့ အသံနက်ကြီးကြောင့် ဒေသခံများဟာ Tauranga ရာသီဥတုလေ့လာရေးရဲ့ Facebook Group ပေါ်မှာ မေးခွန်းတွေထုတ်ခဲ့ကြပြီး လူအများစုကတော့ ဒီအသံကြီးဟာ မိုးလေဝသ အခြေအနေဆိုးကြီးတစ်ခု သို့မဟုတ် လက်နက်စမ်းသပ်မှုတစ်ခုကနေ ထွက်ပေါ်လာတာဖြစ်နိုင်ကြောင်း သုံးသပ်လျက်ရှိနေပါတယ်။

 အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး MetService ရဲ့ မိုးလေဝသပညာရှင် Peter Little ရဲ့အဆိုအရ ရုတ်တရက် ပေါ်ပေါက်လာခဲ့တဲ့ အသံနက်ကြီးဟာ မိုးသက်မုန်တိုင်းရဲ့အသံမျိုးနဲ့ အတော်လေးကို ဆင်တူနေသလို လျှက်ပြက်ခြင်းသုံးခုကနေ ထွက်ပေါ်လာခဲ့တဲ့ အကျယ်လောင်ဆုံး အသံတစ်သံလည်းဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ သို့သော် Tauranga ဒေသမှာ မိုးသက်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသံက မထူးခြားပေမယ့် အခုထွက်ပေါ်ခဲ့တဲ့ အသံကတော့ အသံတစ်သံတည်းနဲ့ အတော်လေးကို ကျယ်လောင်လွန်းလို့ ဒေသခံများ ခြောက်ခြားသွားခဲ့ရတာဖြစ်တယ်လို့ Peter က ရှင်းလင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။

 VitamiN

#knowledge.thithtoolwin.com

  Ref:UN
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment