Powered by Blogger.

ဂီတဖျော်ဖြေပွဲအတွက် ဆောက်လုပ်ထားတဲ့ လေးမိုင်အရှည်ရှိ ဘီယာပိုက်လိုင်းကြီး

 ဂျာမနီနိုင်ငံမှာ ပြုလုပ်ကျင်းပသွားမယ့် Heavy Metal တေးဂီတဖျော်ဖြေပွဲကြီးကို လာရောက်ကြည့်ရှုကြမယ့် ဂီတချစ်ပရိသတ်တွေ သီချင်းလည်းနားဆင်းရင်း ဘီယာတွေ အဆက်မပြတ် သောက်သုံးစေနိုင်ဖို့ အရှည်လေးမိုင်ရှိတဲ့ ဘီယာပိုက်လိုင်းကြီးတစ်ခုကို ဆောက်လုပ်ပေးထားတယ်လို့ သိရှိရပါတယ်။

 The Wacken Open Air လို့အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကြီးကို ဂျာမနီနိုင်ငံ မြောက်ပိုင်းဒေသက Schleswig-Holstein ပြည်နယ်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးအတွက် လိုအပ်တဲ့ ဘီယာများကို ဖြန့်ဝေပေးနိုင်ဖို့အတွက် ဘီယာပိုက်လိုင်းကြီးတစ်ခုကို ပြီးခဲ့တဲ့နွေပိုင်းလောက်ကနေ စတင်တည်ဆောက်ခဲ့ရာ ယခုတစ်ပတ်အင်္ဂါနေ့မှာပဲ ဆောက်လုပ်ပြီးစီးသွားခဲ့တာဖြစ်ပါတယ်။

 ယခင်က အခုလို ဘီယာပိုက်လိုင်း မရှိခဲ့ခြင်းကြောင့် ဖျော်ဖြေပွဲ ကျင်းပစဉ်အတွင်းမှာ ဘီယာမလောက်ငှာမှုတွေနဲ့ ဘီယာအဝေမတည့်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီပိုက်လိုင်းကနေပဲ ရေသန့်တွေ စွန့်ပစ်ရေတွေကို ဖြတ်သန်းစီးဆင်းစေမယ်လို့လည်း သိရှိရပါတယ်။

 Wacken Open Air ဖျော်ဖြေပွဲရဲ့ ဘီယာပိုက်လိုင်းဟာ ဖျော်ဖြေပွဲ ပြုလုပ်နေစဉ်တလျှောက်လုံး ပွဲကြည့်ပရိသတ်များအတွက် ဘီယာဂါလန်ပေါင်းတစ်သိန်းကျော်ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး ခြောက်စက္ကန့်အတွင်းမှာ ဘီယာခြောက်ခွက်အပြည့်အထိ ဝန်ဆောင်ပေးနိုင်ပါတယ်။ Wacken Open Air ပွဲဟာနှစ်စဉ်နှစ်တိုင်း ကျင်းပနေမြဲဖြစ်တဲ့ Heavy Metal တေးဂီတဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ပြီး ပွဲကြည့်ပရိသတ်ပေါင်းရှစ်သောင်းခန့်လောက် လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဒီနှစ်မှာကျင်းပမယ့် W:O:A ပွဲကိုတော့ လာမယ့် သြဂုတ်လသုံးရက်နေ့ကနေ ငါးရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ကမ္ဘာကျော် Heavy Metal တီးဝိုင်းများဖြစ်တဲ့

Megadeth, AliceCooper and Marilyn Manson တို့က လာရောက်ဖျော်ဖြေသွားကြမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

 VitamiN

 #knowledge.thithtoolwin.com

  Ref:upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment