Powered by Blogger.

အနာအတွင်းမှာ လက်စွပ်ထည့်ပြီး သူနာပြုချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားတစ်ဦး



 ချစ်သူနှစ်ယောက်ရဲ့အလိုချင်ဆုံး ဆန္ဒတစ်စုံဟာ လက်ထပ်ထိမ်းမြားခြင်းပဲဖြစ်ပါတယ်။ တစ်သက်မှာတစ်ခါ မင်္ဂလာဆောင်ဖို့အတွက် လပ်ထက်ခွင့်တောင်းရတာကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့်မို့ အမျိုးသားဟာ သူတို့ရဲ့ချစ်သူတွေကို လုံးဝအံသြသွားစေမယ့် လက်ထပ်ခွင့်တောင်းခြင်းမျိုးတွေကို ဖန်တီးပြလေ့ရှိပါတယ်။

 ဒါပေမယ့် အံသြပြီး ကဗျာဆန်တဲ့ လက်ထပ်ခွင့်တွေကို ဘေးချိတ်ပြီး အသည်းယားစရာကောင်းတဲ့ လက်ထပ်ခွင့်တောင်းခြင်းကို အမျိုးသားတစ်ဦးက သူရဲ့ချစ်သူအတွက် ဖန်တီးပေးသွားခဲ့ပါတယ်။ ထိုအမျိုးသားဟာ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် သူရဲ့ဝမ်းဗိုက်က ဒဏ်ရာအနာကြီးထဲမှာ လက်ထပ်လက်စွပ်ကို ဖွက်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ထိုအမျိုးသားဟာ သူရဲ့ဒဏ်ရာကို သန့်ရှင်းပေးဖို့အတွက် သူ့ချစ်သူ သူနာပြုမလေးကို အကူအညီတောင်းခဲ့ရာ အနာထဲကနေ လက်ထပ်လက်စွပ်တစ်ကွင်းကို မမျှော်လင့်ပဲ တွေ့မြင်သွားခဲ့ပါတယ်။

သူနာပြုကောင်မလေးမှာလည်း သူ့ချစ်သူနဲ့ ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းတဲ့ပုံစံကြောင့် အံသြမှင်သက်သွားခဲ့ပြီး မျက်ရည်များပါပင် ကျလာခဲ့ပါတယ်။ ထိုအချိန်မှာ အမျိုးသားလေးဟာ သူရဲ့ချစ်သူအတွက် ပန်းစည်းလေးတစ်ခုကိုပါ ပေးခဲ့ပြီး တစ်ဘဝလုံး မမေ့နိုင်စရာဖြစ်အောင် စီစဉ်လိုက်ရတာလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ သူနာပြုကောင်မလေးကလည်း အရမ်းဝမ်းသားသွားပြီး သူ့ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခွင့်ပြုသွားခဲ့ပါတယ်။

 ဒီဖြစ်ရပ်တစ်ခုလုံးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားရဲ့သူငယ်ချင်းဖြစ်သူက ဗီဒီယိုရိုက်ကူးပြီး အင်တာနက်ပေါ် ဖော်ပြသွားခဲ့ရာ အတော်လေး လူစိတ်ဝင်စားမှု မြင့်တတ်ခဲ့ပါတယ်။ ဒါပေမယ့်  ဒီလိုလက်ထပ်ခွင့်တောင်းခြင်းက တစ်သက်မမေ့နိုင်စရာလို့ ခေါင်းစဉ်တပ်နိုင်ပေမယ့် ကဗျာဆန်တယ်လို့တော့ ပြောရခက်နေပါတယ်။ ဒီအပေါ်မှာလည်း လူအများက အမြင်တွေ ကွဲပြားနေလျက်ရှိပြီး တချို့ကလည်း ဒီလက်ထပ်ခွင့်တောင်းခြင်းက ချစ်စရာအရမ်းကောင်းတယ်လို့ သတ်မှတ်နေကြသလို တချို့ကလည်း စိတ်မနှံ့တဲ့သူမှ ဒီလိုလက်ထပ်ခွင့်မျိုး တောင်းနိုင်တာလို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ကိုယ့်အသားအနာခံပြီး ချစ်သူကို အမှတ်တရဖြစ်အောင် ပြုလုပ်ပေးခဲ့တာဖြစ်တဲ့အတွက် တကယ်ကို ကဗျာဆန်တဲ့ လက်ထပ်ခွင့်တောင်းခြင်းလို့ပဲ ထင်မြင်ယူဆမိပါတယ်ခင်ဗျာ။

  VitamiN

 #knowledge.thithtoolwin.com

  Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment